1 w - Translate

ဝင်ဘယ်ဒန်အိမ်ကွင်း ပျက်စီး၍ ပွဲစဉ်ရွှေ့ဆိုင်း
-------------------
အင်္ဂလန်လိဂ်-တူးကလပ် ဝင်ဘယ်ဒန်အသင်းဟာ အသင်းရဲ့အိမ်ကွင်းပျက်စီးမှုကြောင့် နယူးကာဆယ်အသင်းနဲ့ ပြည်တွင်းဖလားပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ ဝင်ဘယ်ဒန်အသင်းဟာ စက်တင်ဘာလ(၂၄)ရက်နေ့ မှာ နယူးကာဆယ်အသင်းနဲ့ ကစားဖို့စီစဉ်ထားခဲ့ပေမယ့် အသင်းရဲ့အိမ်ကွင်းက ရုတ်တရက်ပျက်စီးခဲ့တာကြောင့် အခုလို ရွှေ့ဆိုင်းခဲ့ရာတာပါ။

အင်္ဂလန်နိုင်ငံအတွင်းမှာ အခုတစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဝင်ဘယ်ဒန်အသင်းရဲ့ အိမ်ကွင်းက ပျက်စီးခဲ့ရတာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ အသင်းရဲ့အိမ် ကွင်းဟာ သဘာဝဘေးဒဏ်ကြောင့် အခုလိုရုတ်တရက်ပျက်စီးခဲ့ရတာဖြစ်ပြီး နယူးကာဆယ်အသင်း နဲ့ ကစား မယ့်ပွဲစဉ်အတွက် အချိန်မီ မပြုပြင်နိုင်တာကြောင့် ရွှေ့ဆိုင်းပေးဖို့အတွက် တောင်းဆိုလိုက်ရတာလို့ ဝင်ဘယ်ဒန် အသင်းက တရားဝင် ပြောကြားသွားခဲ့ပါတယ်။

အခုလိုရွှေ့ဆိုင်းလိုက်တာကြောင့် ဝင်ဘယ်ဒန်အသင်း နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပြည်တွင်းဖလား တတိယ အဆင့်ပွဲစဉ်ကို လာမယ့်အောက်တိုဘာလ(၁)ရက်နေ့မှာ နယူးကာဆယ်အသင်းရဲ့အိမ်ကွင်း စိန့်ဂျိမ်းပတ်မှာ ပြောင်းလဲကစားသွားကြမှာ ဖြစ်ပါတယ်။

image