1 w - Translate

မန်ဒီကို စာချုပ်သစ်ချုပ်မည်ဟု အန်ဆလော့တီ အတည်ပြု
-----------------------
ပြင်သစ် ဘယ်နောက်ခံလူ မန်ဒီကို စာချုပ်သစ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ရီးရဲလ်နည်းပြ အန်ဆလော့တီက အတည်ပြုသွားခဲ့ပါတယ်။ မန်ဒီဟာ ရီးရဲလ်အသင်းကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရောက်နေခဲ့သူဖြစ်ပြီး ဒဏ်ရာ ကြောင့် မကြာခဏ အနားယူခဲ့ရပါတယ်။

ဒါပေမဲ့ ကြံ့ခိုင်မှုအပြည့်ရှိတဲ့ အချိန်တိုင်းမှာ အသင်းရဲ့ အဓိက ကစား သမားအဖြစ် ကစားပေးခဲ့သူဖြစ်တာကြောင့် အခုလိုမျိုး စာချုပ်သစ် ချုပ်ဖို့ကို ရီးရဲလ်ဘက်က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မန်ဒီရဲ့လက်ရှိစာချုပ်က ၂၀၂၅ နွေမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အရ မန်ဒီအနေနဲ့ စပိန်မှာ ၂၀၂၇ အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ နည်းပြ အန်ဆလော့တီကတော့ အသင်းနဲ့အတူ မန်ဒီ ဆက်ရှိနေမှာဖြစ်လို့ ဝမ်းသာမိသလို မန်ဒီဟာ အသင်း အတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်တယ်လို့ ပြောထားပါတယ်။

မန်ဒီဟာ ဘယ်နောက်ခံလူနေရာမှာ အကောင်းဆုံးကစားသမားဖြစ်သလို တိုက်စစ်ကို လိုက်ပါနိုင်မှုလည်း ကောင်း မွန်တယ်လို့ နည်းပြအန်ဆလော့တီက ချီးကျူးထားခဲ့ဖူးပါတယ်။ အသက် ၂၉ နှစ်အရွယ် မန်ဒီဟာ အခုရာသီမှာ ရီးရဲလ်အသင်းအတွက် လာလီဂါပွဲစဉ် ၄ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲအထိ ပါဝင် ကစားပေးထား တာဖြစ်ပါတယ်။

image