1 w - Translate

"ဖက်ရှင်ရေစီးကြောင်းမှာ လူငယ်တွေကြား အမြဲနေရာယူထားတဲ့ Skater Fashion Style"

မင်္ဂလာပါ။👋 အမျိုးသားဖက်ရှင်အတွက် ခုတစ်ခေါက်တော့ လူငယ်ဆန်ပြီး အထာကျတဲ့ Skater Style အကြောင်း ပြောပြပေးချင်တာပါ။ ၁၉၉၀ပြည့်နှစ်တွေတုန်းက တော်တော်လေး ခေတ်စားခဲ့တဲ့ Skate Style/ Skater Style လို့ဆိုလိုက်ရင် Graphic Tee ခပ်ပွပွတွေ၊ Vans Sneakers တွေနဲ့ အထာကျနေတဲ့ လူငယ်တွေရဲ့ ဖက်ရှင်ကိုသတိရကြပါလိမ့်မယ်။🙌 ခုနောက်ပိုင်းမှာတော့ Skater တွေရဲ့ ဖက်ရှင်ဟာပိုလို့တောင် update ဖြစ်လာခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း စကိတ်ဘုတ်စီးတဲ့သူတွေသာမက မစီးတတ်တဲ့သူတွေကြားမှာတောင် Skater Fashion Style ဟာ ရေပန်းစားလာခဲ့ပါတယ်။ 🔥

ထသွားထလာပုံစံထက်ပိုပြီး Cool ဖြစ်တဲ့အပြင် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးတွေကိုသာ ရွေးချယ်ဆင်မြန်းရတဲ့ ဒီဖက်ရှင်စတိုင်ဟာဆိုရင် ကမ္ဘာကျော်ဒီဇိုင်နာတွေ၊ Brands တွေနဲ့ influencers တွေကြားမှာလည်း လွှမ်းမိုးမှုအမြဲရှိနေခဲ့ပါတယ်။☝️

Skate Brands တွေနဲ့ပတ်သက်ပြီး ရွေးချယ်စရာတွေ အများကြီးရှိတဲ့အထဲက Vans ဟာဆိုရင် ကမ္ဘာမှာပေါ်ပြူလာအဖြစ်ဆုံး Skate Brand တွေထဲက တစ်ခုအဖြစ်လူသိများပါတယ်။ ဒါ့အပြင် တခြား Label တွေဖြစ်တဲ့ Stussy ၊ Supreme နဲ့ HUF ဟာဆိုရင်လည်း Skater တွေကြားမှာ နာမည်ကြီးတဲ့ Label တွေပဲဖြစ်ပါတယ်။✨

ဒီတော့ Skater တစ်ယောက်လိုဆင်မြန်းဖို့ဆို ဘာတွေလိုမလဲဆိုပြီး ခေါင်းစားနေတယ်ဆိုရင် အရှင်းဆုံးနဲအလွယ်ဆုံး Stylingလုပ်နည်းကတာ့ ပထမဆုံး ကိုယ်စီးမယ့်ဖိနပ်ဟာ Vans ဒါမှမဟုတ် Converse All Star ထဲက ရွေးပါ။ ☝️လည်ရှည်ဖြစ်ဖြစ် လည်တိုဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဘောင်းဘီကို Cargo ဘောင်းဘီ ဒါမှမဟုတ် skate shorts ဘောင်းဘီတိုရွေးပြီး ဝတ်ပါ။ Top အနေနဲ့ Graphic Tee တွေ Hoodie တွေ ရွေးပြီး အဆင်ပြေသလိုတွဲလိုက်ရင်ကို Skater တစ်ယောက်လို ဆင်မြန်းပြီးသားဖြစ်သွားပါပြီ။👌

image