1 w - Translate

ယူကရိန်းသမ္မတ အမေရိကန် ရောက်ရှိနေ
-------------------
အမေရိကန်ုနိုင်ငံကို အလည်အပတ်ခရီးစဉ် ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးဟာ ခရီးစဉ်အတွင်း ရုရှားအပေါ် အောင်ပွဲခံနိုင်ရေး အစီအစဉ်ကိုလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဆီ တင်ပြဆွေးနွေးဖို့ ရှိနေပါ တယ်။ ဇယ်လန်းစကီးဟာ တာဝေးပစ်လက်နက်အသုံးပြုခွင့် အပါအဝင် တခြား စစ်ပွဲအောင်နိုင်ရေး အစီအစဥ် တွေပါတဲ့ အဆိုပြုအစီအစဉ်တစ်ခုကို သမ္မတဘိုင်ဒန်ဆီ အရင်ဆုံး တင်ပြဆွေးနွေးမှာပါ။

အဲဒီနောက် ဒုသမ္မတ ကာမာလာဟဲရစ် ၊ အမေရိကန် ဥပဒေပြု အမတ်တွေနဲ့ နိုင်ငံတကာ မိတ်ဖက်တွေကိုလည်း အဲဒီအစီအစဉ်ကို မျှဝေတင်ပြ သွားမှာဖြစ်ပါတယ်။ အမေရိကန်ကို လေယာဉ်မဆိုက်ခင် သူရဲ့ X လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့တဲ့ ပို့စ်မှာလည်း ဇယ်လန်းစကီးက အခုလာမဲ့ ဆောင်းရာသီဟာ စစ်ပွဲရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမဲ့ အချိန်ဖြစ်ကြောင်းလည်း ရေးသားခဲ့ပါတယ်။ ဇယ်လန်းစကီးဟာ ခရီးစဉ်အတွင်း တနင်္ဂနွေ နေ့က ပင်ဆယ်လ်ဗေး နီးယား ပြည်နယ်ထဲက အမေရိကန် လက်နက်ခဲယမ်း ထုတ်လုပ်ရေး စက်ရုံကို သွားရောက် လေ့လာခဲ့ပါတယ်။

အဲဒီစက်ရုံကို လေ့လာစဉ်မှာ ယူကရိန်းကို ခဲယမ်းမီးကျောက်တွေကို ထောက်ပံ့ပေးတဲ့အတွက် စက်ရုံလုပ်သား တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အဲဒီစက်ရုံက ယူကရိန်းအတွက် (၁၅၅) မီလီမီတာ အမြောက်ကျည် တွေကို အရှိန်မြှင့်ထုတ်လုပ်ပေးလိမ့်မယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

image