1 w - Translate

အာဆင်နယ် အချိန်ဆွဲကစားမှုအပေါ် နားလည်လက်ခံဟု နည်းပြဂွါဒီယိုလာ ပြော
အာဆင်နယ်အသင်းရဲ့ အချိန်ဆွဲကစားမှုအပေါ် နားလည်လက်ခံကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းမှာ တယောက်လျော့နဲ့ ကစားခဲ့ရပြီးနောက် ခံစစ်ပိတ်ကစားခဲ့သလို အချိန်ဆွဲကစားခဲ့လို့ နှစ်ဖက်ကစားသမားတွေ အကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။

မန်စီးတီးအသင်းက တယောက်လျော့နဲ့ ကစားရရင်လည်း အချိန်ဆွဲကစားမှာပဲဖြစ်လို့ အာဆင်နယ်ရဲ့ အချိန်ဆွဲကစားမှုအပေါ် နားလည်လက်ခံကြောင်း၊ အာဆင်နယ်အသင်း ဘယ်လိုနည်းစနစ်တွေ အသုံးပြုခဲ့သလဲဆိုတာ နည်းပြ မီခေးလ်အာတေတာဆီသာ မေးမြန်းသင့်ကြောင်း ဂွါဒီယိုလာက ပြန်လည်ဖြေကြားခဲ့တာပါ။

အဓိကကွင်းလယ်လူ ရိုဒရီရဲ့ ဒဏ်ရာအခြေအနေအပေါ်မှာတော့ အသေးစိတ်ပြောလို့ မရနိုင်သေးကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
DVB

image