1 w - Translate

Boy : ကိုယ် ဂိမ်းဆော့အုံးမယ်
မင်းလည်း လုပ်စရာရှိတာလုပ်ပါ
ပြီးရင် ပြောမယ် ...

Girl : အင်း ... !!!

Boy : အသံလည်းမကောင်းပါလာ
တစ်ခုခု အဆင်မပြေတာ ရှိနေလို့လာ

Girl : မရှိပါဘူး ဂိမ်းဆော့မယ်မလာ
ဆော့လေ ပြီးမှပဲ ပြောလိုက်တော့

Boy : အရေးမကြီးဘူး အခု ဘာဖြစ်တာလဲ
အဲ့တာကိုပဲ သိချင်တယ် ပြောပါ

Girl : အို !!! ဘာမှမဖြစ်ဘူး ပြောနေတယ်လေ
ဘာဖြစ်ရမှာလဲ ဘာကအဆင်မပြေဖြစ်
ရမှာလဲ ကျွန်မက ဒီလောက် strong
ဖြစ်နေတာ ဘာမှမဖြစ်ဘူး

Boy : ကိုယ်ကမင်းကောင်လေးပါ
ကိုယ့်ရှေ့မှာ အမြဲတမ်း
အဆင်ပြေနေပြနေဖို့မလိုပါဘူး
မင်း စိတ်ထဲရှိတဲ့ အတိုင်းနေလို့ရပါတယ်
ငိုချင်နေတယ်မို့လာ ငိုလို့ရတယ်
မင်းကို အားနည်းတဲ့သူလို့
ကိုယ်မမြင်ပါဘူး ဖြေးဖြေးချင်း
ရင်ဖွင့်ချေ ကိုယ် နားထောင်ပေးမယ်
မင်း အဆင်မပြေဖြစ်နေရင် ကိုယ်
တခြား ဘယ်အရာကိုမှ အာရုံစိုက်လို့
မရဘူး မင်း အဆင်ပြေတဲ့အထိ
အနားမှာ ရှိနေပေးမှာမို့ ယုံယုံကြည်ကြည်
ပြိုလဲလိုက်လို့ရပါတယ် ကိုယ်ရှိနေတယ်
မင်း အနားမှာ ကိုယ် ရှိနေပါတယ် ...

Girl : လိုအပ်နေချိန်တိုင်းထုတ်မပြောပါပဲ
အလိုက်တသိအမြဲတမ်း
ရှိနေပေးတဲ့ အတွတ် ကျေးဇူးတင်ပါတယ်
အရမ်းလည်း ချစ်တယ် ...

Boy : ချစ်သူတွေပဲလေ
ကျေးဇူးတင်ဖို့မလိုပါဘူး
မင်းပေးတဲ့နွေးထွေးမူ့နဲ့
ကိုယ်ပေးတဲ့လေးနက်မူ့နဲ့
ကြေလိုက်ပြီနော် ... ။

သူမ ဘက်က ငို သံပါ ပြုံးရဲ့ရဲ့
အသံလေးနဲ့ ...

Girl : အင်း ကြေပြီ

အချစ်ဆိုတာ အချိန်ပြည့်ရှိနေပေးဖို့
မလိုပါဘူး တကယ် လိုအပ်နေချိန်မှာ
ရှိပေးနိူင်ဖို့ကသာ အဓိကပါ ... 💜

image