1 w - Translate

ပေါင် ၂ ဘီလီယံကုန်ကျမည့် မန်ယူအသင်း၏ ပရိသတ် ၁ သိန်းဆံ့ကွင်းသစ်ပုံစံ ထွက်ပေါ်

စတာလင်ပေါင် ၂ ဘီလီယံကုန်ကျမယ့် မန်ယူအသင်းရဲ့ ပရိသတ် တသိန်းဆံ့ကွင်းပုံစံငယ် ထွက်ပေါ်လာ ပါတယ်။

မန်ယူအသင်းဟာ မူလက လက်ရှိ ကွင်းဟောင်း အိုးထရတ်ဖို့ဒ်ကို ထပ်မံတိုးချဲ့ပြီး တည်ဆောက်ဖို့ စီစဉ်ခဲ့ပေမဲ့ စီမံခန့်ခွဲမှုအသစ်ကို တာဝန်ပေးခဲ့ပြီးနောက်မှာတော့ ကွင်းသစ်တည်ဆောက်ဖို့ ဖြစ်လာ ခဲ့တာပါ။

ကွင်းသစ်ဒီဇိုင်းကို ဗြိတိန်နာမည်ကြီး ဗိသုကာပညာရှင် ဆာနော်မန်ဖော်စတာက ဒီဇိုင်းဆွဲ ပေးထားပြီး ပရိသတ် တသိန်းအထိဝင်ဆံ့အောင်တည်ဆောက်သွားမှာပါ။

စက်တင်ဘာ ၂၃ရက် က လီဗာပူးမှာကျင်းခဲ့တဲ့ လေဘာပါတီအစည်းအဝေးမှာ မန်ယူအသင်းရဲ့ ကွင်းသစ်ပုံစံငယ်ကိုပြသခဲ့ပြီး မန်ချက်စတာမြိုတော်ဝန် ဘန်းဟမ်ဘက်ကလည်း ခွင့်ပြုချက်ပေးခဲ့ ပါတယ်။

မန်ယူအသင်းရဲ့ ကွင်းသစ်ဟာ မန်ချက်စတာအရှေ့ပိုင်းက မန်စီးတီးနဲ့ အီတီဟတ်ကွင်းနဲ့ အတူ ဟန်ချက်ညီညီဖြစ်လာမယ်လို့ မြိုတော်ဝန် ဘန်းဟမ်က ပြောသွားပါတယ်။
DVB

image