1 w - Translate

ပီရူးတွင် နှစ် ၁၁,၀၀၀ သက်တမ်းရှိ ရှေးဆင်ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိ
------------------------------
ပီရူးနိုင်ငံ အန်ဒင်းန် ဒေသမှာ ရှေးခေတ်ဆင်ကြီး ၃ ကောင်ရဲ့ အကြွင်းအကျန် ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းဆုံး နှစ်ပေါင်း ၁၁၀၀၀ သက်တမ်းရှိမယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားတယ်လို့ တာဝန်ရှိ သုတေသီနှစ်ယောက်က ပြောပါတယ်။ ၂၀၁၉ ခုနှစ်က စတင်တူးဖော်ခဲ့တဲ့ ဂျူနင်ဒေသ၊ ချမ်ဘာရာခရိုင် က ချိုင့်ဝှမ်းမှာ တွေ့ရှိခဲ့တာပါ။

အဲဒီဒေသကို ရှေးဆင်တွေ ဘယ်လိုဘယ်ပုံ ရောက်ရှိခဲ့တယ်ဆိုတာ ထင်ရှားစေ မယ့် တခြားနမူနာတွေ ရှာဖွေတွေ့ ရှိဖို့ မျှော်လင့်ထားတယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ ရှေးဆင်တွေ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ဒသမ ၆ သန်းက စတင်ပြီး လွန်ခဲ့တဲ့နှစ် ၁၁၇၀၀ မှာ ကုန်ဆုံးခဲ့တဲ့ ပလစ်တိုဆင်း ရေခဲခေတ်နဲ့ သက်ဆိုင်တယ်လို့ ဘူမိဗေဒ၊ သတ္တုနဲ့ သတ္တုတွင်းဆိုင်ရာ အင်စတီကျုက ရုပ်ကြွင်းပညာရှင် အိုင်ဗန် မီဇာက ပြောပါတယ်။

ရာသီဥတုအခြေအနေတွေ ပြောင်းလဲလာပြီးနောက်မှာ အဲဒီ ရှေးခေတ်ဆင်တွေဟာ မြောက် အမေရိက ကနေ တောင်အမေရိကအထိ အစာရေစာ ရှာဖွေရာရင်း ပိုမိုအဆင်ပြေတဲ့နေရာကို ရောက်ရှိလာတယ်လို့ ပညာရှင် တွေက ယုံကြည်နေကြပါတယ်။

image