1 w - Translate

ဒဏ်ရာကြောင့် ရိုဒရီ ရာသီကုန်ထိ အနားယူရဖွယ်ရှိ
-------------------
အာဆင်နယ်အသင်းနဲ့ တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ရာသီကုန်ထိ အနားယူရဖွယ်ရှိတယ်လို့ စက်တင်ဘာလ(၂၃)ရက်နေ့က ဖော်ပြခဲ့တဲ့သတင်းတွေအရ သိရပါတယ်။ ရိုဒရီဟာ ပွဲချိန်(၂၁)မိနစ်မှာတင် ဒဏ်ရာရခဲ့တာကြောင့် ဆက်မကစား နိုင်တော့တဲ့အတွက် ကိုဗာစစ်နဲ့ လူစားလဲခံခဲ့ရတာပါ။

နည်းပြဂွာဒီယိုလာကတော့ ရိုဒရီရဲ့ဒဏ်ရာအခြေအနေကို သိရဖို့အတွက် စစ်ဆေးချက်အဖြေကို စောင့်ရဦးမယ်လို့ ပြောခဲ့ပေမယ့် သတင်းတွေရဲ့ဖော်ပြချက်အရ ရိုဒရီဟာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်ဆေးမှုတွေ ပြုလုပ်ရဦးမယ်ဆိုပေမယ့် ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရခဲ့တယ်ဆိုရင် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေပါတယ်။

ရိုဒရီဟာ ပြီးခဲ့တဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသလို (၂၀၂၄)ခုနှစ်ရဲ့ ရွှေဘောလုံးဆုရမယ့်လူအဖြစ် ရေပန်းစားနေသူတွေထဲက တစ်ယောက်ဖြစ်တာကြောင့်လည်း ရာသီကုန်ထိ အနားယူရမယ်ဆိုရင် မန်စီးတီးအသင်းအတွက်တော့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်လာဖွယ်ရှိနေပါတယ်။

image