1 w - Translate

ရင့်ကျက်ခြင်း

ရင့်ကျက်ခြင်းဆိုတာ ဘဝင်မြင့်သွားတာ မဟုတ်ပါဘူး...

သွေးအေးတတ်လာတာ ကိုယ့်အပေါ်မှာ ကောင်းတဲ့သူကို ပြန်ကောင်းတတ်လာတာ...

ဘဝမေ့သွားတာလည်း မဟုတ်ပါဘူး ကိုယ့်အပေါ်မှာ
မကောင်းသူကို ပုံမှန်လေး ဆက်ဆံတတ္လာတာ...

ဘဝပေးသင်ခန်းစာ
ဘဝပေးအတွေ့အကြုံတွေကြောင့်
ပြက်သားတတ်လာတာ
နေတတ် ထိုင်တတ်ဖို့ သိလာတာ...

သွားသင့်တဲ့ ကိုယ့်အပေါ် မကောင်းသူကို
ကိုယ့်ဘဝထဲက ထွက်သွားခွင့်ပြုပြီး
ကိုယ့်အပေါ် စိတ်ရင်းစေတနာမှန် အနစ္နာခံသူ
မိတ်ဆွေကောင်းတွေကို ခ်န္ထားတတ္လာတာ...

ရက်စက်သင့်သလောက် ရက်စက်တတ်ပြီး
ဘဝမှာ မလိုအပ်တာတွေကို ပြတ်သားစွာ ရှင်းထုတ်ဖို့သိလာတာ...

တန်းဖိုးထားသင့်တာကို တန်ဖိုးထားတတ်ပြီး
လွှတ်ချသင့်တာကို အရင်လို နာကျင်ခံပြီး
ဆုပ်ကိုင်မထားတော့ဘဲ ပြတ်သားစွာ
လွှတ်ချတတ်လာတာ...

မိမိမြာ ဒဏ်ရာတွေ ဘယ်လောက်ပဲရှိရှိ
အဆင်မပြေမှုတွေ စိတ်ခံစားမှုတွေ ဘယ်လောက်ပဲကြုံနေရပါစေ...

ကိုယ့်ရင်ထဲက နာကျင်မှုကို
လူမသိ သူမသိ ဖုံးဖိရင်း လူတွေရှေ့မှာ
ကြံ့ခိုင်သူတစ်ယောက်လို
အကောင်းဆုံး ပြုံးပြတတ်လာတာပါ...

တကယ်တော့ ရင့်ကျက်တယ်ဆိုတာ
ဟန်ဆောင်တတ်လာတာ မဟုတ်ပါဘူး
တိတ်ဆိတ်ငြိမ်းချမ်းမှုကို လိုချင်သွားတာပါ...

ကိုယ့်ကိုယ်ကို ရင့်ကျက်ပြီလား တစ်ခါမေးမိတိုင်း
မရင့်ကျက်သေးဘူးဆိုတာ သိရသလို
ရင့်ကျက်ဖို့ ကြိုးစားရင်းနဲ့ ယနေ့ချိန်ထိ
မရင့်ကျက်ခြင်းတွေနဲ့ပဲ သံသရာလည်နေတုန်းပါပဲ....

TOP_FAN.
Credit..

image