ချစ်တော့ချစ်တယ် ဒါပေမယ့်
အမှားမလုပ်ပါပဲ
တောင်းပန်သင့်သလောက်
တောင်းပန်ခဲ့ပြီးပြီ
ကိုယ်ကစိတ်ဆိုးရမှာတောင်
အလိုက်တသိနဲ့ ကိုယ့်ဖက်က
ပြန်ချော့ပေးခဲ့ပြီးပြီ
တော်ပြီ
ဒါထပ်ပိုပြီး ဆွဲမထားတော့ဘူး
လွှတ်ချသင့်ရင် လွှတ်ချပြီး
ဆွေးလို့ မပြိုတော့သလို
ဝေးလို့လဲ မငိုတော့ဘူး
ငါတို့မှာ ဝေးဖို့ကံပါလာတာလို့ပဲ ဖြေမယ် ။
နေခ/စာတိုက်ပုံး