1 w - Translate

ဂိုးသမား တာစတီဂန်၏ဒဏ်ရာ ပြင်းထန်ဖွယ်ရှိ
------------------------
ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်က ဗီလာရီးရဲလ်အသင်းနဲ့ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာရခဲ့တဲ့ ဂိုးသမား တာစတီဂန်ရဲ့ဒဏ်ရာက ပြင်းထန်ဖွယ်ရှိတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်း ဟာ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ (၅)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဂိုးသမားတာစတီဂန်က ဒဏ်ရာကြောင့် ပွဲချိန် (၄၅)မိနစ်မှာ လူစားလဲခဲ့ရတာပါ။

သတင်းတွေရဲ့အဆိုအရ တာစတီဂန်ဟာ ဒဏ်ရာရပြီးချင်းမှာတင် ဗီလာရီးရဲလ် အသင်းရဲ့အိမ်ကွင်းနားမှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းရဦးမှာဖြစ်ပေမယ့် တာစတီဂန်ရဲ့ဒဏ်ရာက ပြင်းထန်ဖွယ်ရှိတယ်လို့ နည်းပြ ဟန်ဆီဖလစ် က ပြောကြားခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့တာက ကောင်းမွန်တယ်ဆိုပေမယ့် ဂိုးသမား တာစတီဂန် ဒဏ်ရာ ရခဲ့တာကိုတော့ စိတ်ပျက်မိတယ်လို့လည်း နည်းပြဟန်ဆီဖလစ်က ဆက်လက် ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် လာလီဂါ ပွဲစဉ်(၆)ပွဲကစားပြီးချိန်မှာ (၆)ပွဲလုံး အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

image