1 w - Translate

ဂရိကမ်းလွန်တွင် လှေမှောက်၍ ရွှေ့ပြောင်းအမျိုးသမီးသုံးဦးသေဆုံး
---------------------------
ဂရိနိုင်ငံ ဆာမို့စ်ကျွန်းအနီးမှာ စက်တင်ဘာ ၂၃ ရက်က လှေနစ်မြုပ်ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ သုံးယောက် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ကယ်ဆယ်နိုင်ခဲ့တဲ့ ရွှေ့ပြောင်းတွေကို ဆိပ်ကမ်းမြို့ ကာလိုဗာဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။
အေဂျီအန်ကျွန်းရဲ့ အနောက်မြောက်ပိုင်း ရှိ အဂီအို့စ် အစ်ဆီဒိုရိုစ်ကျောက်ဆောင်ကမ်းလွန်တွေမှာ တွေ့ရှိခဲ့တဲ့ စက်လှေပေါ်မှာ ကနဦးက ရွှေ့ပြောင်း နေ ထိုင်သူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ ယူဆရကြောင်း ကမ်းခြေ စောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူ ရွှေ့ပြောင်းသုံးယောက်ဟာ အမျိုးသမီးတွေဖြစ်ပြီး ငါးယောက်ကို ကယ်ဆယ်နိုင်ခဲ့ကာ အဲဒီထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်နဲ့ အရွယ်မရောက်သေးသူ တစ်ယောက်တို့ကို ဆေးစစ်ဖို့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

ဂရိနိုင်ငံဟာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှက ရွှေ့ပြောင်းတွေနဲ့ ဒုက္ခသည် တွေအတွက် ဥရောပကို ဝင်ရောက်ဖို့ မျက်နှာသာပေးတဲ့ တံခါးပေါက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လူပေါင်း ၁ သန်းနီးပါး ဂရိကျွန်းတွေပေါ် ဆင်းသက်ခဲ့ကြကာ အများစုဟာ လေသွင်းနိုင်တဲ့ ရော်ဘာလှေတွေနဲ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရွှေ့ပြောင်းရောက်ရှိမှုတွေ ကျဆင်းသွားခဲ့ပြီး မနှစ်ကတော့ ပြန်လည် ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

image