1 w - Translate

မလေးရှားပရဟိတနေအိမ်များမှ ကယ်ထုတ်ခံ ကလေးအရေအတွက်တိုးလာ
-------------------------
မလေးရှားနိုင်ငံမှာ လိင်စော်ကားမှုနဲ့ လျစ်လျူရှုခံထားရမှုတွေကြောင့် ပရဟိတအိမ်တွေက ကယ်ဆယ်ခဲ့တဲ့ ကလေးအရေအတွက် တိုးတက်လာပြီး အာဏာပိုင်တွေက ဘေးကင်းလုံခြုံတဲ့ နေအိမ်တွေ ဖွင့်လှစ်ထားရှိပေးခဲ့ ပါတယ်။

အစ္စလာမ္မစ်လုပ်ငန်းစုတစ်ခုနဲ့ ဆက်စပ်နေတဲ့ ပရဟိတအိမ်တွေကနေ ညှဉ်းပန်းနှိပ်စက်ခံရမှုနဲ့ လျစ်လျူရှုခံရတဲ့ အရွယ်မရောက်သေးသူတွေကို အာဏာပိုင်တွေက ကယ်ဆယ်ခဲ့ရတဲ့ စုစုပေါင်း အရေအတွက် ဟာ ၅၇၂ ယောက် အထိ ရှိလာပါတယ်။ အမှုတွေနဲ့ ဆက်စပ်ပြီး ကမ္ဘာလုံးဆိုင်ရာ(GISလုပ်ငန်းစုရဲ့ ထိပ်တန်း စီမံခန့်ခွဲမှုအဖွဲ့ဝင် တွေ အပါအဝင် အရွယ်ရောက်ပြီးသူ ၁၅၆ ယောက်ကို ထိန်းသိမ်းထားပြီး နောက်ထပ် ကလေး ၁၈၇ ယောက်ကို ထပ်မံ ကယ်ဆယ်နိုင်ခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် ရာဇာအူဒင်က စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။

မလေးရှားကျွန်းဆွယ်မှာ ပြည်နယ်အားလုံးက ပစ်မှတ်ထားတဲ့ အဆောက် အအုံ ၂၈၀ ကို ရှာဖွေဖော်ထုတ်ပြီး စီးနင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန ဟာ ကယ်ဆယ်ခံရသူတွေအတွက် ဘေးကင်းလုံခြုံတဲ့ နေအိမ် ၁၁ လုံးကို ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ပြုကျင့်မှု စွပ်စွဲချက်တွေကို (GISလုပ် ငန်းစုက ငြင်းဆိုထားပေမယ့် ကုမ္ပဏီဟာ ဥပဒေတချို့ကို ချိုးဖောက်ခဲ့ပြီး လိင်တူဆက်ဆံမှု တစ်မှု ဒါမှမဟုတ် နှစ်မှု ဖြစ်ပွားခဲ့ကြောင်း အမှုဆောင်အရာရှိချုပ်က လက်ခံထားပါတယ်။

image