ငါးတံခွန် အချိုခြောက်ကိုဝယ်ပြီး ရေဆေးပြီး နေပြန်လှန်းတယ်
နှစ်သက်သလို ပိုင်းဖြတ်ပြီး မီးအေးအေးနဲ့ အကြွပ်ကြော်ပြီးဆယ်ထားပါ
ကျန်ခဲ့တဲ့ဆီထဲကို ကြက်သွန်နီ ပါးပါးလှီးကြော်ပါ နွမ်းခါနီး ကြက်သွန်ဖြူထည့်ပါ
အနီရောင်သမ်းလာရင် မီးအနိမ့်ဆုံးလျော့ပါ
ကြွပ်ပြီဆိုငြုပ်သီးခွဲခြမ်းထည့်လိုက ထည့်ပါ
ပြီးတော့ ဆယ်ထားတဲ့ငါးခြောက်ကြာ်ထည့်ပါ ဆား အရသာမှုန့်ထည့်ပါ နံ့အောက် အထက်အာက်လှန်ပြီးရင် ရပါပြီ
ငါးခြောက်ကြော်ရင် မီးလျာ့ပါနော် ကျွမ်းမှာစိုးလို့
ငါးတံခွန်ကလဲ
အငံနဲ့ စပေါ့ခြောက်အချို၂မျိုးရှိတယ်
အချိုမှ ဒီလိုကြွပ်ကြွပ်လေးရမှာပါ
အငံက အစိုဓာတ်နဲ့မို့ငြုပ်သီးများများနဲ့ ကြော်စားမှကောင်းတာ

image