1 w - Translate

လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်
---------------------
လက်ရှိ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ဆက်ရှိနေတယ်လို့ စက်တင်ဘာလ ၂၄ ရက် မြန်မာစံတော်ချိန်မနက်(၇)နာရီအချိန်မှာထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီလေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက်(၂၄)နာရီအတွင်းမှာတော့ တစ်ဆင့်တက်ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်ကို ရောက်နိုင်တယ်လို့ ဆိုပါတယ်။

လေဖိအားနည်းဆဲလ်ရဲ့အရှိန်နဲ့ မုတ်သုံလေအားကောင်းနေတာတို့ကြောင့် စက်တင်ဘာ(၂၄)ရက်မနက်ကနေ နောက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တို့အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ နေရာစိပ်စိပ်နဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တာ၊ နေရာကွက် ပြီးမိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ရေကြီး၊ ရေလျှံမှုအန္တရာယ်၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့အနေနဲ့ ကြိုတင်သတိပြုသွားလာဖို့ သတိပေးနှိုးဆော်ထားပါတယ်။

image