1 w - Translate

ဟစ်ဇ်ဘိုလာကို အစ္စရေးတိုက်ခိုက်မှု တစ်ရက်ထဲ ၄၉၀ ကျော်သေဆုံး
----------------------
အစ္စရေးက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို စက်တင်ဘာ ၂၃ ရက်မှာ လေကြောင်းက တိုက်ခိုက်ခဲ့ရာ လူပေါင်း ၄၉၂ ယောက် သေဆုံးပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခဲ့ရကာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးနေ့တစ်နေ့ ဖြစ်တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။ လက်ဘနွန်က ဟစ်ဇ်ဘိုလာ ပစ်မှတ် ၁၃၀၀ လောက် ကို တနင်္လာနေ့က တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူရေတပ်ဗိုလ်ချုပ် ဒယ်နီယယ် ဟာဂရီ က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေအတွင်း သိုလှောင်ထားတဲ့ ခဲယမ်းတွေ ပေါက်ကွဲချိန်မှာ ဒုတိယမြောက် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ ဟစ်ဇ်ဘိုလာ တွေရဲ့ တာဝေးပစ် ခရုဇ်မစ်ဆိုင်းတွေ၊ ကြီးမားတဲ့ရော့ကက်တွေ၊ တာတိုပစ် ဒုံးကျည်တွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ဒရုန်းတွေကို ထိမှန်ခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးမြောက်ပိုင်းက စစ်စခန်းတစ်ခုကို ဒုံးကျည်တွေ ဒါဇင်နဲ့ချီ ပစ်လွှတ်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ပြောပါတယ်။

ဆိပ်ကမ်းမြို့ ဟိုင်ဖာ အပါအဝင် အစ္စရေးမြောက်ပိုင်းနဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း မြောက်ပိုင်းတွေမှာ ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်ပစ်ခတ်မှု သတိပေးချက် ထွက်ပေါ်လာခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။ လက်ဘနွန်က လာမယ့် နောက်ထပ် တိုက်ခိုက်မှုတွေကိုလည်း အစ္စရေးက မျှော်လင့်ထားပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေး က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီး လက်နက်တွေကို လူနေ အိမ်တွေအတွင်း ထားရှိခဲ့ တယ်လို့ ဟာဂရီက ပြောပါတယ်။ ဟာဂရီရဲ့ ပြောဆိုချက်ကို ဟစ်ဇ်ဘိုလာက မှတ်ချက် မပေးပေမယ့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အရပ်သားတွေအနီးမှာ မထားဘူးလို့တော့ ပြောဆို ခဲ့ပါတယ်။

image