1 w - Translate

သရေကျခဲ့၍ စိတ်ပျက်မိကြောင်း တန်ဟတ် ပြော
-----------------------
မန်ယူအသင်းရဲ့နည်းပြ တန်ဟတ်က ပဲလေ့စ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေကျခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ ပဲလေ့စ်အသင်းကို ပွဲချိန်အတွင်း ဖိအားပေးကစားနိုင်ခဲ့သလို ဂိုးရရှိမယ့် အခွင့်အရေးတွေကို ရခဲ့ပေမယ့် ပွဲအပြီးမှာ ဂိုးမရှိသရေကျခဲ့တာပါ။ ပဲလေ့စ် အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ကစားပုံက ကောင်းမွန်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ မန်ယူနည်းပြတန်ဟတ်က ပြောပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ဆိုတာက ရေရှည်ကစားရတဲ့ပြိုင်ပွဲဖြစ်လို့ ရှေ့လာမယ့်ပွဲစဉ်တွေမှာ သွင်းဂိုးတွေ၊ ရလဒ်ကောင်းတွေရဖို့အတွက် မျှော်လင့်မိတယ်လို့ နည်းပြတန်ဟတ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်(၅)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ်(၇)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

image