1 w - Translate

💢 SA (Salicylic Acid) Cleanser တွေထဲမှာ Powerful ဖြစ်ပြီး အသားခြောက်မသွားတဲ့ Cleanser တစ်ခုရှာတွေ့ထားတယ်။
သူက Budget Friendly လည်းဖြစ်တယ်။

[REVIEW] DR+ BANGGIWON Acne Care Foaming Cleanser

DR+ BANGGIWON ဆိုတာ Korea Brand တစ်ခုဖြစ်ပါတယ်။ သူရဲ့ Hair Care Products တွေဆို တော်တော်လေး နာမည်ကြီးတယ်။

ခုသားဖြိုး Review ပေးမှာကတော့ ဝက်ခြံသမားတွေ အတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ် ဆပ်ပြာပေါ့။

သူက Salicylic Acid နဲ့ အဓိကထုတ်ထားတဲ့ မျက်နှာသစ်ပေါ့။

သားဖြိုး သုံးဖူးသမျှ SA Cleanser တွေထဲမှာ သူက Irritated မဖြစ်တဲ့ မျက်နှာသစ်ဆိုရင်လည်း မမှားဘူး။

သားဖြိုးလေ နာမည်ကြီး SA Cleanser တစ်ခုကိုသုံးခဲ့ဘူးတယ်။ အဲ့တုန်းကဆို သားဖြိုး အသားအရေက Super Oily ကနေ Dry & Dehydrated အဖြစ်ကို ပြောင်းသွားတယ်။ နောက်တစ်ခုက Dehydrated ဖြစ်သွားတာကို သတိမထားမိတော့ Moisture & Hydration ကောင်းတဲ့ Skincare တွေကိုနောက်က မလိုက်တော့ အဆီဖုတွေ ထွက်လာတယ်လေ။

ဒီ DR+ BANGGIWON ရဲ့ Acne Care Cleanser မှာ အဲ့လိုမျိုး အသားခြောက်သွားတာ လုံးဝမရှိဘူး။

သူရဲ့ Cleansing Powder အပိုင်းကိုပြောရရင် Deep Cleansing ဖြစ်တယ်။ Sunscreen လောက်ဆို သူတစ်မျိုးနဲ့ နိုင်တယ်။

သားဖြိုးအတွက်ကတော့ ညဖက် သူမှ သူဖြစ်နေပြီလေ။
နေ့ဖက်တော့ သူ့ကို မသုံးဖြစ်ဘူး။ သုံးဖို့လည်း မလိုအပ်ဖူးထင်လို့ပါ။

နောက်တစ်ခုက သူက အမြှုပ်ထွက်အားတော်တော်လေး ကောင်းတယ်။ သူရဲ့ Micro Bubble လေးတွေက ချွေးပေါက်အတွင်းထိ ဝင်ရောက်ပြီး ဝက်ခြံဖြစ်ပေါ်စေတဲ့ အဆီပို အဆီခဲတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။

သူ့ကိုသုံးပြီး မျက်နှာအသားအရေက သန့်ပြီး ကြည်သွားတဲ့ Feeling ကို အပြည့်အဝရတယ်။

All Skin Type သုံးလို့ရတယ်ဆိုပေမယ့်

သားဖြိုးကတော့ Dry Skin သမားတွေနဲ့ ဝက်ခြံ ပေါက်လေ့ ပေါက်ထ မရှိတဲ့ Skin ပိုင်ရှင်တွေဆို မလိုအပ်လို့ Recommend မလုပ်ဘူး။

အဓိကသုံးစေချင်တဲ့သူတွေကတော့ ဝက်ခြံ၊ အဆီဖု နဲ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကို သုံးဖို့ Highly Recommend လုပ်ပါတယ်။

စျေးနှုန်းက အကိတ် Size 200ml မှ 22,000Ks ဝန်းကျင်ပဲ။

Where to buy: Girl Generation korea comestic online store | Dr+ Banggiwom Myanmar

သားဖြိုး Review လေးကတော့ ဒီလောက်ပါပဲဗျ။

🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼

နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️

#drbanggiwom
#accarefoamingcleanser
#acneproneskin
#treasurebytharphyoe
#crd

image
image
image