1 w - Translate

ရော်နယ်ဒို၏သွင်းဂိုးစံချိန်ကို ဟာလန်း လိုက်မီနိုင်ခဲ့
-----------------------
အာဆင်နယ်အသင်းနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီးနောက် နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၁၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဟာလန်းဟာ ပြိုင်ပွဲစုံသွင်းဂိုး(၁၀၀) ပြည့်မြောက်ဖို့အတွက် မန်စီးတီးအသင်းနဲ့အတူ (၁၀၅)ပွဲ ကစားခဲ့ရတာပါ။

(၂၁)ရာစု ဘောလုံးလောကမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး(၁၀၀) အမြန်ဆုံးပြည့်တဲ့ ကစား သမားအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်တုန်းက ရော်နယ်ဒိုက ပွဲပေါင်း(၁၀၅)ပွဲနဲ့အတူ စံချိန်တင် ထားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကလည်း ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပြီး သွင်းဂိုး(၁၀၀)အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဟာလန်းဟာ မန်စီးတီး အသင်းကို (၂၀၂၂)ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်း အတွက် ခြေစွမ်းပြကာ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ (၂)ရာသီဆက် တိုက် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဆုကိုရရှိခဲ့သလို အခုဘောလုံးရာသီမှာလည်း မန်စီးတီး အသင်းအတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ သွင်းဂိုး(၁၀) ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။

image