1 w - Translate

အာလူးအစပ်ကြော်နည်း
-----------------------


ပါဝင်ပစ္စည်းများ
• အာလူး - ၅ လုံး
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ - ၁ လုံး
• ပဲပုပ်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ဆီ - ၂၅ ကျပ်သား

ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာ၍ ရေစင်အောင်ဆေးပြီး အတုံးသေးလေးများ လှီးထားပါ။
၂။ ဆီပူလာလျှင် တုံးထားသောအာလူးများကို ထည့်၍ ကြော်ပြီး ဆယ်ယူထားပါ။
၃။ အိုးထဲ ကြက်သွန်ဖြူ/နီကို ထည့်၍ ဆီသတ်ပြီး ကြော်ထားသောအာလူးများကို ထည့်ပါ။ ပြီးလျှင် အရသာအားလုံး ထည့်ပြီး နောက်ဆုံးမှာ ပဲပုပ်မှုန့်အနည်းငယ် ထည့်ပါ။
--------------------------------------------------

image