1 w - Translate

ကုလ အနာဂတ်သဘောတူညီချက်တွင် အာဂျင်တီးနား မပါဝင်
-----------------
အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး ဒိုင်ယာနာမွန်ဒီနိုက သူ့ရဲ့နိုင်ငံဟာ စက်တင်ဘာ ၂၂ ရက်က အထွေထွေ ညီလာခံမှာ အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂရဲ့ အနာဂတ်ဆိုင်ရာ သဘောတူစာချုပ်မှာ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အဲဒီသဘောတူညီချက်ကို ပိုမိုထိရောက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံပေါင်းစုံ ကွန်ရက် ချိတ်ဆက်ထားတဲ့ နိုင်ငံစုံစနစ်ဆီကို ခြေလှမ်းပြောင်းလဲမှုအဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထုတ်ဖော်ခဲ့တာပါ။

တာဝန်သိပြီး ရေရှည်တည်တံ့တဲ့ ဒစ်ဂျစ်တယ်အနာဂတ်ဆီ ဦးတည်လုပ်ဆောင်ခြင်းဆိုင်ရာနောက်ဆက်တွဲပါဝင် တဲ့ သဘောတူညီချက်ကို နှစ်ရက်ကြာကျင်းပတဲ့ အနာဂတ်ရေးရာ ထိပ်သီးအစည်းအဝေးအစမှာ မဲမပေးဘဲ အတည်ပြုခဲ့တာဖြစ်ပြီး ကိုးလကြာ ညှိနှိုင်းပြီးနောက် ထွက်ပေါ်လာတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်း လဲမှု၊ ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေး၊ ကျား- မအရေး၊ လူငယ်နဲ့ အနာဂတ် မျိုးဆက်သစ် တွေအရေး ပါတဲ့ သဘောတူညီချက်ရရှိဖို့ ဂူတာရက်စ်က ကာလရှည်ကြာ တွန်းအားပေးခဲ့ပါတယ်။

သဘောတူညီချက်မှာ အောင်မြင်ဖို့ ကတိပြုထားတဲ့ နိုင်ငံတွေရဲ့ ကျယ်ပြန့်တဲ့လုပ်ဆောင်ချက် ၅၆ ချက်ကို ဖော်ပြထားပါတယ်။ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရန်၊ နီကာရာဂွာနဲ့ ဆီးရီးယားတို့က ထောက်ခံထားတဲ့ ရုရှားက အဲဒီသဘောတူညီချက်ကို ကန့်ကွက်ခဲ့ပေမယ့် သဘောတူညီချက်ကို အတည်ပြုခဲ့ပါတယ်။

image