1 w - Translate

ဒုံးကျည်ရန်ကြောင့် ဟိုင်ဖာဆေးရုံမှ လူနာများအား မြေအောက်ရွှေ့ပြောင်း
-----------------------
အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ ရမ်ဘမ် ဆေးရုံက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ စက်တင်ဘာ ၂၂ ရက်က လူနာ တွေနဲ့ စက်ပစ္စည်းတွေကို မြေအောက်ကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဟစ်ဇ်ဘိုလာက ဒုံးကျည်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရတာပါ။

မြောက်ပိုင်းက ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဒုံးကျည်နဲ့ ပစ်ခတ်မှုကနေ အကာ အကွယ်ရှိရာ ဧရိုယာဆီ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လူနာ ၁၀၀၀ ကို မြေအောက်ကို ရွှေ့ပြောင်းဖို့ ဝန်ထမ်း ၆၂၀၀ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ ဆေးရုံအကြီးအကဲ မိုက်ကယ် ရို့ဆန် သာလ်က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

အဲဒီ မြေအောက် အဆောက်အအုံမှာ လူနာပေါင်း ၂၂၀၀ လောက်ကို ပြုစုစောင့်ရှောက်ပေးနိုင်စွမ်းရှိတယ်လို့လည်း သူက ပြောပါတယ်။ အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့အကြား ပဋိပက္ခဟာ လွန်ခဲ့တဲ့ ရက်သတ္တ ပတ်အတွင်း သိသိသာသာ ပြင်းထန်လာခဲ့ပါတယ်။

အစ္စရေးစစ်လေယာဉ်တွေက ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို တစ်နှစ်နီးပါးအတွင်း အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟစ်ဇ်ဘိုလာကလည်း အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာ ဒုံးပစ်လောင်ချာ အများအပြားပါဝင်တဲ့ ပစ်မှတ် ၂၉၀ ဝန်းကျင်ကို စနေနေ့က တိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်တိုက်ခိုက်သွားမှာလည်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုထား ပါတယ်။

image