တပြည်သူမရွှေထား🍂
(ပြည်မြို့၊မင်းကြီးတောင်ပေါ်က ထားသခင်စံအိမ်)🍁
အရာရာမတည်မြဲတဲ့ လူ့လောကကြီးမှာ
ကိုယ့်ရဲ့ ချစ်ခြင်းတရားတွေကတော့
တတ်စွမ်းနိုင်သလောက်
တည်မြဲခြင်းတရားမှာသာ
ဗဟိုပြုခဲ့ပါတယ် ထာားသခင်🍁
ဒါကိုလည်း ထားတစ်ယောက်အသိဆုံးဖြစ်မှာပေါ့...🍁
ထားရေ....
တစ်ချို့အရာတွေကျတော့
ငေးကြည့်နေခွင့်ရတာကိုက
အရသာ.....
ဉပမာဆိုရရင်......
တုံးခုလို့မှ မမှီတဲ့ လမင်းကြီးကို
ဝါးထရံပေါက်ကလေးကနေတဆင့်
ချောင်းကြည့်နေရသလိုမျိုးပေါ့..🍀
ဒါကိုလဲ မရွှေထားတစ်ယောက်
နားလည်မယ်ထင်ပါရဲ့............🍀
ဒီမှာ...မရွှေထား....
ကိုယ်ကလမင်းကြီးတစ်ခုလုံးကို
မတောင်းတရဲခဲ့ပါဘူး...🍀
လရောင်ကလေးနဲ့ ထိတွေခွင့်ရတာကိုဘဲ
ေ.သရာပါ ပျော်ရွှင်ခွင့်ရခဲ့တဲ့သူပါ.....🍁
ဒါပေမယ့်
အရာအားလုံးဟာ
ဖြစ်လွယ်လွန်း ပျက်လွယ်လွန်းခဲ့တယ်ကွယ်.....🍁
တကယ်တော့
ဆုံစည်းခြင်းနဲ့ ခွဲခွါခြင်းဆိုတာ
အလွှာပါးပါးကလေးတစ်ချပ်ဘဲ
ခြားနားနေတာဆိုတဲ့သဘောတရားကို
ကိုယ်သိခဲ့ရပါပြီ မရွှေထား.....🍀
ကိုယ်တကယ်သိရှိခဲ့ရပါပြီ....
ထားဆိုသော ထားသခင်မလေးရယ်.....🍀