1 w - Translate

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝလား
နှုတ်ခမ်းတွေ ခြောက်တတ်သူတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ

၁။ ရေများများသောက်ပါ။

ရေပုံမှန်သောက်ပေးတဲ့အခါ နှုတ်ခမ်းရဲ့ အတွင်းသားကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးတယ်။ ရေဓာတ်ဟာ အရေပြားကို ခြောက်သွေ့ကြမ်းတမ်းစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ရေကို တစ်နေ့ ၂-၃ လီတာ အနည်းဆုံး သောက်ပေးဖို့တော့ လိုပါမယ်။

၂။ နှုတ်ခမ်းကို ဘာမှမလိမ်းဘဲ မပစ်ထားပါနဲ့။

တစ်ကိုယ်လုံးကို အစိုဓာတ်ထိန်းခရင်မ်တွေ၊ နေလောင်ကာခရင်မ်တွေ၊ Body Lotion တွေ လိမ်းပြီး အသားအရေထိန်းသိမ်းသလိုပါပဲ၊ နှုတ်ခမ်းကိုလည်း လိုအပ်တဲ့ အစိုဓာတ်ရရှိအောင် Lip Balm တွေ လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီအမြဲလိမ်းနေရတဲ့ မိန်းကလေးတွေ Lip Balm ကို အောက်ကနေ တစ်ထပ်အရင်လိမ်းပေးပြီးမှ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီကို အပေါ်ကနေ ပြန်ဆိုးပေးခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်သလို နှုတ်ခမ်းနီအရောင်ကိုလည်း ပိုပြီးထင်ဟပ်ပေါ်လွင်စေနိုင်ပါတယ်။

၃။ အချဉ်ဓာတ်ပါဝင်တဲ့ အသီးတွေ များများစားပေးပါ။

ဗီတာမင်စီ ကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးအနှံများဖြစ်တဲ့ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သံပရာသီး၊ သံပရိုသီး၊ စပျစ်သီး စတဲ့ အသီးအနှံတွေကို ဆောင်းတွင်းကာလမှာ များများစားပေးပါ။ ဗီတာမင်စီဓာတ်သည် အသားအရေကိုလည်း အစိုဓာတ်ဖြည့်တင်းပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်လို့ ဖျားနာခြင်းကင်းပြီး ရောဂါပိုးမွှားတွေကို ကောင်းစွာ တိုက်ထုတ်ပေးနိုင်မှာပါ။

၄။ ရေအေးဖြင့်သာ ရေချိုးပေးပါ။

ဆောင်းရာသီမှာ ရာသီဥတုအေးတော့ လူတော်တော်များများက ရေချိုးရမှာ ပျင်းသလို၊ ရေချိုးတဲ့အခါမှာလည်း ရေပူနဲ့ ရေချိုးကြတာ များပါတယ်။ ရေပူနဲ့ရေချိုးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေလည်း ရှိတယ်ဆိုပေမယ့် အသားခြောက်တတ်သူတွေ၊ နှုတ်ခမ်းအမြဲခြောက်ပြီး အက်ကွဲနေသူတွေအတွက်တော့ ရေပူနဲ့ ချိုးတာကို တတ်နိုင်သလောက်ရှောင်ပြီး ရေအေးနဲ့သာ ချိုးပေးသင့်ပါတယ်။ အကယ်လို့ ရေအေးမဟုတ်ဘဲ ရေကျက်နွေးနဲ့ ချိုးမယ်ဆိုလည်း ရပါတယ်။ ရေချိုးချိန်ကို နာရီဝက်ထက် မပိုစေဖို့သာ သေချာဂရုစိုက်ပေးပါ။

ရည်းစားမရှိလို့ဆိုပြီး အားငယ်နေကြတဲ့ ဆင်ဂယ်လေးတွေလည်း သိပ်ပြီး အားမငယ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်တယ်ဆိုတာ ရည်းစားမရှိလို့ ခြောက်တာမဟုတ်ဘဲ ကိုယ့်ဘာသာ လျှာနဲ့ ခဏခဏသပ်နေလို့၊ ရေများများမသောက်လို့၊ ဆောင်းရာသီကြောင့်မို့လို့သာ ဖြစ်ရပါတယ်

image