1 w - Translate

သီရိလင်္ကာတွင် သမ္မတသစ်ရွေးချယ်တင်မြှောက်
---------------------
သီရိလင်္ကာနိုင်ငံရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပြိုလဲနေတဲ့ စီးပွားရေးကို ပြန်နာလန်ထူဖို့နဲ့ ခြစားမှုတိုက်ဖျက်ဖို့ သူ့ရဲ့ ကတိကဝတ်တွေကို ယုံကြည်ပြီး စက်တင်ဘာ ၂၂ ရက် က မာ့က်စ်ဝါဒီယိမ်းတဲ့ အနျူရာ ကုမာရ ဆာနာယာကဲကို သီရိလင်္ကာပြည်သူတွေက သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက်တွေလို နိုင်ငံရေးမျိုးရိုးမရှိတဲ့ အသက် ၅၅ နှစ်အရွယ် ဆနာယာကဲဟာ မဲရေတွက်စဉ်အတွင်း အစကနေအဆုံး ဦးဆောင်ခဲ့ပြီး လက်ရှိသမ္မတ ရာနီလ် ဝိကရမီဆင်ဟီနဲ့ အတိုက်အခံခေါင်း ဆောင် ဆဂျစ် ပရီမာဒါသာကို ဖြုတ်ချခဲ့ပါတယ်။ အခုရွေးကောက်ပွဲဟာ ကြွေးမြီဝန်ပိနေတဲ့ နိုင်ငံရဲ့ စီးပွားရေးပြို လဲမှုကနေ ပြန်လည်နာလန်ထူမှုကို ဦးဆောင်ခဲ့တဲ့ လက်ရှိသမ္မတ ဝိကရမီဆင်ဟီအတွက် လူထုဆန္ဒခံယူပွဲလို ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြန်လည်ထူထောင်ရေးရဲ့ သော့ချက်ဖြစ်တဲ့ ခြိုးခြံချွေတာမှု အစီအမံ တွေဟာ မဲဆန္ဒရှင်တွေကို ဒေါသ ထွက်စေခဲ့ပြီး ဝိကရမီဆင်ဟီဟာ မဲ ၁၇ ရာခိုင်နှုန်းနဲ့ တတိယပဲ ရရှိခဲ့ပါတယ်။ ပရီမာဒါသာက မဲ ၃၂ ဒသမ ၈ ရာ ခိုင်နှုန်းနဲ့ ဒုတိယလိုက်ခဲ့ပါတယ်။ ဆနာယာကဲကတော့ မဲအရေအတွက် ၅ ဒသမ ၆ သန်း ဒါမှမဟုတ် ၄၂ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ၃ ရာခိုင်နှုန်းသာ ရရှိခဲ့တဲ့ ဆနာယာကဲ ဟာ အခုရွေးကောက်ပွဲမှာ ကြီးမားစွာ တိုးမြင့်ရရှိလာတာ ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာ ကျွန်းစုနိုင်ငံရဲ့ သမိုင်းမှာ သမ္မတဖြစ်ဖို့ ယှဉ်ပြိုင်စဉ် ပထမဆုံး အကြိမ်အဖြစ် ထိပ်တန်းကိုယ်စားလှယ်လောင်း နှစ်ဦးဟာ ဘယ်သူမှ အနိုင်မရတဲ့အတွက် ဒုတိယအကြိမ် မဲအဆုံး အဖြတ်မှာ ဆနာယာကဲက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

image