1 w - Translate

အီရန်ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၅၀ ကျော်သေဆုံး
------------------------
အီရန်နိုင်ငံတောင်ပိုင်း ခိုရာဆန်ပြည်နယ်က ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓာတ်ငွေ့ယိုစိမ့် ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၅၁ ယောက်သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာက ထုတ်ပြန် ခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ စက်တင်ဘာ ၂၁ ရက် ည ၉ နာရီမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မာဒန်ဂျိုးကုမ္ပဏီက လုပ်ကိုင်လည်ပတ်တဲ့ မိုင်းတွင်းနှစ်ကွက်မှာ မီသိန်းဓာတ်ငွေ့ ယိုစိမ့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ တာလို့ ဆိုပါတယ်။ မီးခိုးငွေ့တွေ တွေ့ပြီးနောက် ပြေးထွက်လာခဲ့ ကြပေမယ့် သူ့သူငယ်ချင်းတချို့ မလွတ်မြောက် နိုင်ခဲ့ဘူးလို့ အခင်းဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတစ်ယောက်က ပြောပါတယ်။ အနက် မီတာ ၂၅၀ လောက်က အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် နေတယ်လို့ လခြမ်းနီအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဒမ်ဂန်မြောက်ပိုင်းမှာ လူခြောက်ယောက်သေဆုံး ခဲ့တဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မီသိန်းယိုစိမ့်မှုကြောင့် ဖြစ်ဖွယ်ရှိပါတယ်။ ၂၀၂၁ ခုနှစ် မေလကလည်း အဲဒီနေရာမှာပဲ မိုင်း တွင်းပြိုကျလို့ လုပ်သားနှစ်ယောြက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

image