1 w - Translate

ရော်နယ်ဒို၏ ဂိုး ၁၀၀ အမြန်ဆုံးပြည့်သည့် စံချိန်မှတ်တမ်းကို တိုက်စစ်မှူးဟာလန်း လိုက်မီ
မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ရော်နယ်ဒိုစံချိန်တင်ထားတဲ့ ဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်က အာဆင်နယ်နဲ့ပွဲစဉ်မှာ ဟာလန်းက ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးကစားသမားဘ၀ ၁၀၅ ပွဲမှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာပါ။

ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၁၁ ခုနှစ်က စပိန်ကလပ်ရီးရဲလ်မက်ဒရစ်နဲ့ ပထမဆုံး ၁၀၅ ပွဲ အပြီးမှာ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး ဥရောပကလပ်အသင်းတသင်းအတွက် ဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။

စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုး ၁၀၀ ထဲမှာ ၇၃ ဂိုးက ပရီးမီးယားလိဂ်မှာသွင်းယူခဲ့ပြီး ၁၈ ဂိုးက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၉ ဂိုးက အင်္ဂလန်ရှုံးထွက်ဖလားတွေမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းဂိုး ၁၀၀ မြောက်သွင်းဂိုး သွင်းယူအပြီးမှာပဲ မန်စီးတီးအသင်းက ကွင်းစင်မြင့်ပေါ်ရှိ ပရိုဂျက်တာကနေ ဂုဏ်ပြု ဖော်ပြပေးခဲ့ပါတယ်။

image