Khine Su Zin shared a post  
1 w

1 w

၁၂ရာသီဖွားများအတွက် တစ်ပတ်စာဟောစာတမ်း Part(2)

7.Libra ( September 23 - October 22 )
ဒီရာသီဖွားတွေကတော့ လက်တလောမှာစိတ်ဓာတ်ကျနေတာ စိတ်ရှုပ်နေတာမျိုးဖြစ်နေတတ်ပါတယ်။ လက်ရှိဖြစ်ပျက်နေသောအရာတွေမှာ ကိုယ်ထင်မှတ်ထားသကဲ့သို့ မဟုတ်ပဲဖြစ်နေတတ်ပါတယ်။ စီးပွါးရေးနှင့်ငွေကြေးပိုင်းဆိုင်ရာမှာ အရေးကြီးသောဆုံးဖြတ်ချက်ချစရာများ သို့ ရွေးချယ်စရာများ ကြုံရတတ်ပါတယ်။ ပညာရေးအနေနဲ့ မိမိလျှောက်ချင်သောလမ်းနှင့် လျှောက်ရမည့်လမ်းတထပ်ထဲမကျတာမျိုးဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးအောက်ပိုင်းနှင့်ပတ်သက်ပြီး သတိထားဖို့လိုပါမယ်။ နှလုံးသားရေးရာမှာတော့ အသင့်အတင့်ကောင်းမွန်ပြီး အဆင်ပြေနေပါလိမ့်မယ်။ စကားပြောမမှားဖို့သတိထားရပါမယ်။

8.Scorpio ( October 23 - November 22 )
ဒီရာသီဖွားတွေအနေနဲ့ လက်တလောမှာအကောင်းအဆိုးဒွန်တွဲနေတတ်ပြီး စိတ်ညစ်စရာများကြုံရတတ်ပါတယ်။ စီးပွါးရေးနဲ့ငွေကြေးပိုင်းမှာ အပြိုင်အဆိုင်များတတ်ပါတယ်။ မနာလိုသူများရဲ့ အနှောင့်အယှက်များသတိထားဖို့လိုပါတယ်။ ပညာရေးပိုင်းမှာ မိမိလျှောက်မည့်လမ်းကို ရွေးချယ်တဲ့အခါ သေချာစဥ်းစားဖို့လိုပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် အာရုံကြောဆိုင်ရာရောဂါများကို သတိထားရပါမယ်။ နှလုံးသားရေးရာမှာတော့ တဖက်ကအနိုင်ယူခြင်းခံရတတ်ပါတယ်။ စိတ်အခန့်မသင့်တဲ့အခါ မကြာခဏစကားများရပါလိမ့်မယ်။

9.Sagittarius ( November 23 - December 21 )
ဒီရာသီဖွားတွေအနေနဲ့ လက်တလောမှာကြီးမားသော အပြောင်းအလဲတစ်ခုခုနှင့်ကြုံရတတ်ပါတယ်။ လမ်းစအသစ်ရှာတွေ့ခြင်း သို့ ဆက်ဆံရေးအသစ်စတင်ခြင်းမျိုးရှိနိုင်ပါတယ်။ စီးပွါးရေးနှင့်ငွေကြေးအတွက် အားစိုက်ကြိုးစားရမည့်သဘောတွေ့ရပါတယ်။ အချို့လုပ်ငန်းများနှောင့်နှေးနေတတ်ပြီး အဆင်ပြေဖို့အတွက်အချိန်ယူရပါလိမ့်မယ်။ ပညာရေးအနေနဲ့ စိတ်ကူးသစ်အတွေးမြင်သစ်များရရှိတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးမှစ၍ အပေါ်ပိုင်းကို သတိပြုရပါမယ်။ နှလုံးသားရေးရာအနေနဲ့ အဆင်ပြေနိုင်သော်လည်း ရေရှည်မှာ အဆင်မပြေဖြစ်တတ်ပါတယ်။

10.Capricorn ( December 22 - January 19 )
ဒီရာသီဖွားတွေအနေနဲ့ လက်တလောမှာ စိတ်ရှုပ်စရာများကြုံနေရသော်လည်း စိတ်ကိုဖြေလျော့နိုင်ပါလိမ့်မယ်။ စိတ်ဖိစီးမှုများနေတတ်ပြီး ဘယ်အရာကိုမှအာရုံမစိုက်နိုင်ဖြစ်နေပါလိမ့်မယ်။ စီးပွါးရေးနဲ့ ငွေကြေးအနေနဲ့ ပိုမိုအသုံးဝင်နိုင်သော စိတ်ကူးသစ်ပညာအသစ်လမ်းစအသစ်များ ရရှိလာနိုင်ပါတယ်။ လက်တလောကြပ်တည်းနေသော်လည်း ပြေလည်လာပါလိမ့်မယ်။ ပညာရေးမှာ မိမိအားသာရာလမ်းကြောင်းအပေါ် စိတ်ကိုချုပ်တီးထားတာမျိုးဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဦးခေါင်း ဝမ်းဗိုက်နှင့် ခြေထောက်ကိုသတိထားရပါမယ်။ နှလုံးသားရေးရာမှာ အမျိုးသမီးများအပေါ် အနိုင်ယူခံရတတ်ပါတယ်။ စိတ်အတက်အကျမြန်နေတတ်တာကြောင့် စကားပြောသတိထားဖို့လိုပါမယ်။

11.Aquarius ( January 20 - February 19 )
ဒီရာသီဖွားတွေအနေနဲ့ လက်တလောမှာလိမ်လည်လှည့်ဖြားခြင်းခံရတတ်ပါတယ်။ မိမိယုံကြည်သောလူများကိုသတိထားဖို့လိုပါလိမ့်မယ်။ စီးပွါးရေးနဲ့ငွေကြေးပိုင်းမှာ ခက်ခဲနေသော်လည်း အဆင်ပြေဖို့ အချိန်ယူရပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်ပြီး အနှောင့်အယှက်များနှင့်ကြုံရတတ်ပါတယ်။ မိမိလျှောက်မည့်လမ်းကိုရွေးချယ်သောအခါ သေချာစဥ်းစားဖို့လိုပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ဦးခေါင်းနှင့်အာရုံကြောနှင့် ပတ်သက်ပြီး သတိပြုရပါမယ်။ အချစ်ရေးကံအသင့်အတင့်ရှိသော်လည်း အမြင်မတူသည့်အတွက်သဘောထားကွဲလွဲမှုဖြစ်တတ်သောကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

12.Pisces ( February 20 - March 20 )
ဒီရာသီဖွားတွေအနေနဲ့ ငွေကြေးကံကောင်းနေတတ်ပြီး အခွင့်အလမ်းသစ်များရရှိရတတ်ပါတယ်။ စီးပွါးရေးပိုင်းမှာ အတွေးသစ်အမြင်သစ်များပေါ်လာတတ်ပြီး အဆင်ပြေပါလိမ့်မယ်။ မိမိကိုယ်တိုင်ကြိုးစားခြင်းဖြင့် လာဘ်များရရှိနိုင်ပြီး အကျိုးပြုပါလိမ့်မယ်။ ပညာရေးအနေနဲ့ နိုင်ငံခြားအတွက် ကြိုးစားရန်သင့်သောကာလဖြစ်ပြီး အသင့်အတင့်ကောင်းမွန်နေပါလိမ့်မယ်။ ကျန်းမာရေးမှဦ မတော်တဆထိခိုက်မှုနှင့် ဒူးနာအဆစ်နာသတိထားရပါမယ်။ အချစ်ရေးမှာတော့ တစ်ဖက်ကမျက်နှာများတတ်ပြီး မိမိအပေါ်ဟန်ဆောင်ဆက်ဆံတာမျိုးရှိတတ်လို့ သတိပြုရပါမယ်။

#tarotqueen