1 w - Translate

ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိ
----------------------
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်းမှာ စက်တင်ဘာ(၂၂)ရက်က ဆီဘောက်ဆာယာဉ်(၁)စီး တိမ်း မှောက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာ လူ(၁)ယောက်သေဆုံးကာ (၁)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဆီဘောက်ဆာယာဉ်ဟာ စက်တင်ဘာ(၂၂)ရက်၊ နေ့လယ် ပိုင်းလောက်က ပုဗ္ဗသီရိ မြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင်အမှတ် (၃)မိုင် (၇)ဖာလုံ၊ သပြေစမ်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အခင်းဖြစ်နေရာကို ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးတဲ့လုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းအမျိုးသား(၁)ယောက် သေဆုံးပြီး ယာဉ်နောက်လိုက်အမျိုးသား(၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူကို သဗ္ဗသုခပရဟိတအသင်းယာဉ်နဲ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။

image