1 w - Translate

ဘာမင်ဂမ် ပစ်ခတ်မှုအတွင်း ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိ
----------------------
အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ် ဘာမင်ဂမ်မြို့မှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ပစ်ခတ်မှု တွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူလေးယောက် သေဆုံးပြီး ၁၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ Five Points South ဖျော်ဖြေရေးခရိုင်မှာ ည ၁၁ နာရီ ဝန်းကျင်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ကားတွေနဲ့ ရောက်လာတဲ့သေနတ်သမားတွေက ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည် ထွက်ခွာသွား ကြပြီး သံသယရှိသူ တစ်ဦးတစ်ယောက်မှ ဖမ်းဆီးမိတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားရာ နေရာမှာတင် ၃ ယောက် သေဆုံးခဲ့ပြီး ဒဏ် ရာရသူတွေကို ဆေးရုံတင်ပို့ခဲ့ရာမှာ နောက်တစ်ယောက် ထပ်မံ သေဆုံးသွားတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပစ်ခတ်မှုဟာ ကြေးစားလုပ်ကြံမှုတစ်ခုဖြစ်ပြီး ပစ်မှတ်ထားခံရသူ အပါအဝင် လမ်းသွားလမ်း လာတွေ ထိခိုက်ခဲ့တယ်လို့ ယူဆရကြောင်း စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေကြပါတယ်။

ပစ်ခတ်မှုအတွင်း ဘယ်သူ့ကို ပစ်မှတ်ထားခဲ့တယ် ဆိုတာကို အတိအကျ သိရှိနိုင်ဖို့ စုံစမ်းနေဆဲပါ။ အခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု အနည်းဆုံး ၄၀၃ မှု ရှိခဲ့ပြီလို့ မှတ်တမ်းဝင် ထားပါတယ်။ ဘာမင်ဂမ်တစ်ခုတည်းမှာ အခုနှစ်အတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု လေးခု ရှိခဲ့တယ်လို့ သိရပါတယ်။

image