1 w - Translate

ငါကောင်းတာလုပ်နေတာပဲ ကျန်တာဘာဖြစ်ဖြစ် ဆိုတဲ့ စိတ်ထားနဲ့လူတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တော်တော်များများတွေ့ရတယ်။ ကိုယ်စိတ်သန်ရာမို့ ကိုယ့်အတွက်ကောင်းပေမယ့် တခြားသူတွေအတွက် အနှောင့်အယှက်မဖြစ်ဘို့လည်း လိုတာကို သတိပြုဘို့ကောင်းတယ်။ ရေဘေးမှာလည်း ကူသူကယ်သူတော်တော်များများတွေ့ရတယ်။ တချို့အလွဲတွေက ပုံထဲကလိုပဲ အရေးမပါတာတွေ အသုံးမဝင်တာတွေဖြစ်နေပြီး တကယ်လိုအပ်တဲ့အရာတွေကို ဦးစားမပေးတာဖြစ်နေတာတွေ့ရတယ်။ ပညာတတ်တိုင်း အသိတရားမကြွယ်ဘူးဆိုတာလေးသတိထားမိတယ်။

image