1 w - Translate

၁၂ရာသီဖွားများအတွက် တစ်ပတ်စာဟောစာတမ်း Part(1)

1. Aries ( March 21 - April 20 )
ဒီရာသီဖွားတွေအနေနဲ့က အခုရက်ပိုင်းမှာ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေကြုံနေရတတ်ပြီး အတွေးများနေရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုနဲ့ပတ်သက်ပြီးတော့လည်း အားမလိုအားမရဖြစ်တာမျိုး စိတ်အလိုမကျတာမျိုးလေးတွေတွေ့ရတတ်ပါတယ်။ စီးပွားရေးအနေနဲ့ အနည်းငယ်ကြပ်တည်းနေတာမျိုး ရစရာရှိတာလေးတွေက နှောင့်နှေးနေတာမျိုး လုပ်ရင်လုပ်သလောက်မရတာမျိုးအခက်အခဲလေးတွေကြုံရတတ်ပေမယ့် ဖြေးဖြေးချင်းနဲ့မှပြေလည်လာနိုင်တာလေးကိုတွေ့ရပါတယ်။ ပညာရေးမှာ လမ်းပျောက်နေတာတွေခက်ခဲနေတာတွေရှိတတ်ပေမယ့် တကယ်စိတ်နှစ်ပြီးကြိုးစားရင် ပိုပြီးပြေလည်လာပါလိမ့်မယ်။ ကျန်းမာရေးအတွက် မတော်တဆထိခိုက်မိတာမျိုး ခြေလက်နာကျင်ရတာမျိုးသတိထားရပါမယ်။ နှလုံးသားရေးရာမှာတော့ လက်တလော ကံခေနေတတ်ပါတယ်။

2.Taurus ( April 21 - May 20 )
ဒီရာသီဖွားတွေအနေနဲ့ အခုလက်တလောမှာ စိတ်မြန်လက်မြန်လုပ်နေတတ်တာများပါလိမ့်မယ်။ တစ်ခုခုအတွက် ကြိုစားရတဲ့အခါမျိုးမှာလည်း အရှိန်အဟုန်နဲ့ ကြိုးစားကြတဲ့သဘောကိုတွေ့ရပါတယ်။ စီးပွါးရေးအနေနဲ့ ရွေးချယ်စရာတွေ ဆုံးဖြတ်ချက်ချရမှာမျိုးတွေကြုံရနိုင်ပြီး အလုပ်နဲ့ပတ်သက်ပြီး တွေဝေနေတတ်ပါတယ်။ ပညာရေးကတော့ အသင့်အတင့်ကောင်းမွန်ပြီး လမ်းပြကောင်းတွေ့ရပါလိမ့်မယ်။ ကျန်းမာရေးက ခန္ဓာကိုယ်အောက်ပိုင်းကိုပိုပြီး သတိပြုစေချင်ပါတယ်။ နှလုံးသားရေးရာကတော့ အသင့်အတင့်ဖြစ်ပြီး မျှော်လင့်ချက်တော့ အများကြီးမထားဖို့ အကြံပေးချင်ပါတယ်။

3.Gemini ( May 21 - June 20 )
ဒီရာသီဖွားတွေအနေနဲ့ ယခုရက်ပိုင်းမှာစိတ်ထဲမွန်းကြပ်နေကြပြီး လုပ်မိလုပ်ရာလုပ်နေတဲ့သူအနည်းငယ်လည်းရှိပါလိမ့်မယ်။ ရည်မှန်းချက်တွေကို အပြောသာရှိပြီး အလုပ်မပါသလိုဖြစ်နေတတ်ပါတယ်။ စီးပွါးရေးအနေနဲ့ မိသားစုလုပ်ငန်းတွေအမွေတွေ မိမိရဲ့အသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး ငွေကြေးနဲ့ဆက်စပ်ရတတ်ပါတယ်။ ပညာရေးကတော့ ကောင်းမွန်နေပြီး စိတ်အပြောင်းအလဲမြန်တာလေးကိုတော့ သတိထားဖို့လိုပါလိမ့်မယ်။ နှလုံးသားရေးရာမှာ အမျိုးသမီးများ သတိထားရပါမယ်။ အဆင်မပြေ စကားများရတာမျိုးရှိတတ်ပါတယ်။

4.Cancer ( June 21 - July 22 )
ဒီရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာ သတင်းထူးတစ်ခုခုကြားရတတ်ပါတယ်။ လက်ရှိအခြေအနေနဲ့ မတူညီတဲ့ အတွေးအမြင်အသစ်တွေရလာနိုင်တာလည်းတွေ့ရပါတယ်။ တစ်ဖက်မှာတော့ အလုပ်အကိုင်ပိုင်းမှာ ပျင်းရိနေတတ်ပြီး စိတ်အတက်အကျမြန်နေတတ်ပါတယ်။ စီးပွါးရေးအနေနဲ့ အဆင်ပြေပြေရှိနေပြီး ကြိုးစားရင်ကြိုးစားသလောက် အရာထင်ပါလိမ့်မယ်။ လုပ်နေတဲ့အလုပ်အကိုင်နဲ့လည်း သင့်တင့်မျှတမှုရှိပါလိမ့်မယ်။ ပညာရေးမှာ နိုင်ငံခြားကံကောင်းနေတတ်ပေမယ့် ကိုယ်တိုင်ကကြိုးစားအားထုတ်မှုစိုက်ထုတ်ဖို့တော့လိုပါလိမ့်မယ်။ ကျန်းမာရေးလည်း အသင့်အတင့်ရှိနေပြီး ရောဂါအခံရှိရင်တော့ သတိထားဖို့လိုပါမယ်။ နှလုံးသားရေးမှာတော့ နောင်တရစရာ၊ လွမ်းဆွတ်စရာတွေကြုံလာရတတ်ပြီး လက်ရှိအဆင်ပြေတဲ့သူတွေအနေနဲ့လည်း စိတ်မြန်လက်မြန်ပြုမူမိတတ်လို့ သတိထားစေချင်ပါတယ်။

5.Leo ( July 23 - August 22 )
ဒီရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာပုံမှန်ထပ်ပိုပြီး စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတတ်ပါတယ်။ အလုပ်မှာလည်း လိုတာထပ်ပိုပြီး အားစိုက်မိပြီး စိတ်ဖိစီးမှုများနေတတ်ပါတယ်။ စီးပွါးရေးနဲ့ ငွေကြေးမှာတော့ အဆင်ပြေပြေရှိနေပြီး အားထုတ်ရကျိုးနပ်ပါလိမ့်မယ်။ ပညာရေးကံလည်းအထူးကောင်းမွန်နေပြီး သေချာအားစိုက်ပါက မိမိဦးတည်ရာကိုရောက်ရှိနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ကိုယ်လက်နာကျင်တာတွေ ခြေထောက်နဲ့ အဆစ်အမြစ်တွေကို သတိထားရပါမယ်။ နှလုံးသားရေးရာမှာတော့ ကိုယ်ကလိုတာထပ်ပိုကောင်းပေးတဲ့အခါ အနိုင်ယူခြင်းခံရတတ်တဲ့သဘောလေးတွေ့ရတာမို့ ဘက်ညီအောင်ညှိနှိုင်းဖို့ သတိပေးချင်ပါတယ်။

6.Virgo ( August 23 - September 22 )
ဒီရာသီဖွားတွေအနေနဲ့ လက်တလောမှာ မိမိသဘောကျတဲ့သူ သို့မဟုတ် မိမိချစ်ခင်ရတဲ့လူတွေနဲ့ အဆင်ပြေပြေရှိချင်တဲ့ သဘောလေးတွေ့ရပါတယ်။ တစ်ဖက်မှာလည်း အဆင်မပြေတဲ့သူတွေနဲ့ မနာလိုသူတွေပေါနေတာတွေ့ရပါတယ်။ စီးပွါးရေးနဲ့ငွေကြေးက အသင့်အတင့်ရှိနေပေမယ့် ပူလောင်ရတဲ့သဘောလေးပါနေတဲ့အတွက် ပင်ပန်းပြီး စိတ်ရှုပ်ရတာလေးတွေရှိနိုင်ပါတယ်။ ဆုံးဖြတ်ချက်ကချစရာလေးတွေပေါ်လာတဲ့အခါ တိကျပြတ်သားဖို့လိုအပ်ပြီး ရင်းနှီးမြှပ်နှံမှုတွေကိုလည်း သတိပြုရပါမယ်။ ပညာရေးမှာ တစ်ဆင့်ချင်းကြိုးစားရမယ့် သဘောလေးတွေ့တာမို့ စိတ်မလောဖို့ ပြောချင်ပါတယ်။ ကျန်းမာရေးကိုတော့ ခါးအပေါ်ပိုင်းတွေကိုပိုသတိထားရပါမယ်။ နှလုံးသားရေးရာမှာတော့ အထီးကျန်သလိုခံစားနေရတတ်ပြီး လက်ရှိလက်တွဲဖော်ရှိသူတွေအတွက်တော့ စိတ်ပိုင်းဆိုင်ရာအတွေးများနေတတ်လို့ နှစ်ဦးနှစ်ဖက်နားလည်မှုရှိဖို့လိုပါလိမ့်မယ်။


#tarotqueen