1 w - Translate

၂ပတ်ထဲနဲ့ ၁၀ ပေါင်ကျချင်ပါသလား ?
ကျချင်တယ်ဆို ဒီ post ကို ဆက်ဖတ်ပေးပါ
အဘီးကတော့ Detox water နဲ့ ရေသောက်ပြီး ဝိတ်ချခဲ့တယ်

အဘီးကတော့ ပုံမှာပြထားတဲ့ ရေဘူးအကြီးကြီးက
လှတော့ ရေလည်းသောက်ချင်စိတ်ဖြစ်တာပေါ့
ဘူးက တော်တော်ကြီးတယ်,အဘီးဆို သွားလေရာ ယူသွားဖြစ်တယ်

တစ်နေ့ အနည်းဆုံး ၁ ဘူးတော့ကုန်အောင်သောက်ပါတယ်
သောက်ရင်း နည်းနည်းပျင်းလာလို့ ဆက်မသောက်ချင်တော့ရင်
ဆားငံသီး/မန်ကျည်းတို့ကို နည်းနည်းပါလေကာ ရောသောက်မိတယ် 🤭
ဘယ်လိုနေနေ ရေလေးပိုသောက်မိအောင် ကြံဖန်မိတာပေါ့

Detox Water ဘူးလေးကတော့ ဝယ်ထားတာမကြာသေးဘူး
သူက Detox လုပ်ဖို့အတွက်တော်တော်မိုက်တယ်
Detox အတွက် အကန့်လေးပါတာမို့ သောက်ရင် အဖတ်တွေ မပါလာတာတော့ တော်တော်သဘောကျတယ်
ပိုက်လေးကလည်း ခေါက်လို့ရပြီး ဘူးလေးကလည်း
လုံးဝ Plastic အကောင်းစားလေးနဲ့ လှတယ်
ဆေးရတာလည်းလွယ်တယ်
ဈေးလည်း 1သောင်းကျော်ကျော်ဘဲ

ဘယ်လိုသောက်ရမလဲဆိုတော့ ?
-အဘီးကတော့ Detox ကို မနက်စာမစားခင်
တစ်ဘူးလုံးကုန်အောင်သောက်ပါတယ်
-ကျန်တဲ့အချိန်တော့ ရေဘူးအကြီးကြီးထဲက
ရေဘဲကုန်အောင်သောက်ပါတယ်
-ဆီကြော်စာတွေရှောင်ပါတယ်
-အိပ်ခါနီး ၃နာရီအလို ဘာမှမစားဖြစ်တော့ပါဘူး
-အသီးနှံတွေပို ဦးစားပေး စားဖြစ်ပါတယ်
-Workout လေးတော့ နေ့တိုင်း တစ်နေ့မိနစ်၂၀ လောက် try ဖြစ်တယ်
-တစ်ခြားထွေထွေထူးထူးဘာမှ ရှောင်တာ,မရှိပါဘူး

ရေသောက်တာနဲ့ Detox သောက်တာတွေရဲ့
အကျိူးကျေးဇူးတွေပြောပြမယ် ~~~

ရေသောက်တာက
▪️အစားစားချင်စိတ်ကိုထိန်းပေးတယ်
▪️အသားရေလည်းရေဓာတ်ပြည့်ဝနေပြီး
ကြည်လင်နေစေတယ်
▪️ရေများများသောက်တဲ့သူတွေက
အမာရွတ်တွေ၊ အရေးအကြောင်းတွေနဲ့ သက်သာစေပြီး
ရေသောက်နည်းတဲ့သူတွေလောက် အရွယ်မတိုင်ခင်
အိုမင်းရင့်ရော်တဲ့လက္ခဏာတွေ မဖြစ်စေဘူး
▪️တစ်နေ့လျှင် အနည်းဆုံး ရေ 2-3 လီတာ
သောက်သုံးသင့်ပါတယ်

Detox water သောက်တာက
▪️အစာချေဖျက်မှုကောင်းလို့ ကိုယ်ခန္ဓာအလေးချိန်နဲ့ metabolism ကို အကူအညီပေးတယ်
▪️အသည်းတွေကို သန့်စင်ပေးတယ်
▪️ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို
ဖယ်ရှားပေးတယ်
▪️အသားရေကို သန့်စင်ကြည်လင်စေတယ်
▪️ခန္ဓာကိုယ် အလေးချိန် ကျစေတယ်
▪️အစာချေဖျက်မှု အားကောင်းစေတယ်
▪️ရေဓာတ်ပြည့်ဝစေတယ်
▪️ကျောက်ကပ်‌ ‌ကျောက်တည်တာကို ကာကွယ်ပေးတယ်
▪️ခန္ဓာကိုယ် pH level ကို ထိန်းညှိပေးတယ်
▪️ pH ကို ဟန်ချက်ညီစေပြီး ကိုယ်ခံအားစနစ်ကို
မြှင့်ပေးတယ်
▪️Detox ကို မနက်ခင်း ဘာမှမစားခင်
သောက်ပေးရင် 10 ရက်အတွင်း ခန့်မှန်းခြေ
၅/၇ ပေါင်လောက်ကျနိုင်တယ်
▪️ချွေးထွက်ပြီး ပင်ပန်းနွမ်းနယ်မှုကို
လျော့ကျစေကာ သွေးလည်ပတ်မှုကောင်းစေလို့
နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါတယ်။

Detox အတွက်လွယ်ကူရိုးရှင်းတဲ့ Menu တွေက
◽သံပယိုသီး , ပူစီနံ , ခါကျက်ဥ(မုန်လာဥနီ)
◽သခွားသီး , ပူစီနံ ,သံပယို
◽ဂျင်း , သံပုရာ, ပူစီနံ,သခွားသီး

အဘီးကတော့ ပူစီနံ,သံပုယို,ခါကျက်ဥ ဘဲသောက်တာများတယ်
(သံပုရာသီးကိုဘာလို့မသုံးလဲဆ်ိုတော့ အဘီးက
သွေးပေါင်ကျတတ်လို့ သံပယိုသီးဘဲသုံးပါတယ်)
Detox water ကိုဘယ်လိုပြင်လဲဆိုတော့
ပါဝင်ပစ္စည်းတွေနဲ့ ရေပါဘဲ
ဘာမှတခြားမပါ,ပါဘူး
____________________________________

image