1 w - Translate

(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်နိုင်
------------------------
ဘင်္ဂလားပင်လယ်အော်မှာရှိနေတဲ့ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကိုရွေ့လျားသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်(၂၄)နာရီအတွင်းမှာ တစ်ဆင့်ထပ်တိုးပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန်မနက်(၇) နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ကပ္ပလီပင်လယ်ပြင်တွေမှာမုတ်သုံလေအားကောင်းနေတာအပြင် အဲဒီလေဖိအားနည်း ဆဲလ်အရှိန်တို့ကြောင့် စက်တင်ဘာ(၂၃)ရက်မနက်ပိုင်းကနေ နောက်(၃)ရက်ဖြစ်တဲ့ စက်တင်ဘာ(၂၅)ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက အချို့နေရာတွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ နေရာကွက်ပြီးမိုးကြီးခြင်းတွေနဲ့ လေပြင်း တိုက်ခတ်တာ တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ရေကြီး၊ ရေလျှံမှုတွေ၊ ပြည်တွင်း ရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတို့အနေနဲ့ ကြိုတင်သတိပြုနိုင်ပါဖို့ သတိပေးနှိုးဆော်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာလည်း မိုးတိမ် တောင်တွေ ဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီမိုးတိမ်တောင်တွေရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်း တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေ တာစတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ဖို့ကိုလည်း ထပ်မံနှိုးဆော်ချက်ထုတ် ပြန်ထား ပါတယ်။

image