1 w - Translate

စစ်တောင်းမြစ်ရေ တောင်ငူနှင့် မဒေါက်တွင် စိုးရိမ်ရေမှတ်ကျော်နေ
-----------------------
စစ်တောင်းမြစ်ရေဟာ လက်ရှိမှာ တောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက် ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာလ (၂၃) ရက်၊ မနက်(၈)နာရီခွဲအချိန် ထုတ်ပြန်တဲ့ရေကြီးမှုအခြေအနေထုတ်ပြန်ချက်မှာ အခုလို ပါရှိတာပါ။

စစ်တောင်း မြစ်ရေဟာ တောင်ငူမြို့မှာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို (၃)ပေခန့်ကျော်လွန် ရောက်ရှိနေပြီး နောက်(၁)ရက် အတွင်း အနည်းငယ်ကျဆင်းသွားနိုင်ပေမယ့် အဲဒီမြို့ ရဲ့စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည် ရှိနိုင်တယ်လို့ ဆိုပါတယ်။ မဒေါက်မြို့မှာလည်း အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို (၄)ပေခွဲခန့်ကျော်လွန် ရောက်ရှိ နေပြီး နောက် (၁)ရက်အတွင်း အနည်းငယ်ကျဆင်း လာနိုင်ပေမယ့် အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တောင်ငူမြို့နယ်နဲ့မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ ရေဘေး လွတ်ရာနေရာတွေကို ရှောင်ရှားနိုင်ဖို့အတွက်လည်း သတိပေး နှိုးဆော်ထားပါတယ်။

image