1 w - Translate

❝ အိမ်လွမ်းနာ ❞

ပျော်ရွှင်ရတဲ့အကြောင်း
ရင်နာရတဲ့အကြောင်း
အောင်မြင်ခဲ့တဲ့အကြောင်း
မအောင်မြင်ခဲ့တဲ့အကြောင်း
တစ်နေ့တာ ကြုံသမျှကို
ကိုယ့်အိပ်ယာလေးဆီ အကုန်ပစ်ချလိုက်တယ်
ပြီးတော့...ငို..။

ကိုယ့်စိတ်ဝိညာဉ်ဟာ စံပယ်ခင်းလေးရှိတဲ့ အိမ်ဆီ
မီးခိုးစော် နံနေတဲ့ အမေ့ရဲ့ မီးဖိုချောင်လေးဆီ
လုံမရေလို့ခေါ်တဲ့ အဖေ့ရဲ့ လယ်ကွင်းတွေဆီ
ဖယောင်းတိုင်အောက်က စုံညီထမင်းဝိုင်ဆီ
ကိုယ်စိတ်ဝိညာဉ်လေး ကိုယ့်ထံပြန်ရောက်လာသောအခါ..ငို..။

ရေကြည်ရာ မြက်နုရာဆိုသော အရပ်မှာ
အိမ်လွမ်းနာဆိုတာ ဝဋ်နာကံနာ။ ။

▪️မြကျေး

#မြ‌ကျေး
#အိမ်လွမ်းနာ
#geniusbookhouse

image