1 w - Translate

ခုနောက်ပိုင်း ကိစ္စတွေကို သိပ်ပင်ပင်ပန်းပန်း မတွေးတော့ဘူး၊
အဆင်ပြေချင်လဲ ပြေမယ်၊ မပြေချင်လဲ မပြေဘူး၊
ကိုယ့်ဆီရောက်လာမဲ့ ကိစ္စဆိုရင် ရောက်ကို ရောက်လာလိမ့်မယ်၊ ကိုယ်နဲ့ ထိုက်တန်တာဆို ကိုယ့်ဆီရောက်လာလိမ့်မယ် ၊
အဆင်မပြေမဲ့ကိစ္စ၊ ကိုယ်နဲ့မထိုက်တန်တဲ့အရာတွေက ကိုယ်ဘယ်လောက်ကြိုးစားအားထုတ်ပါစေ ဖြစ်လာမှာ မဟုတ်ဘူး၊ အဲလိုပဲတွေးတော့တယ်၊

အချစ်ရေးရော စီးပွါးရေးရော လူမှုရေးတွေရော အကုန်ပဲ …..
ကိုယ်နဲ့ထိုက်တဲ့ ပိုက်ဆံက ကိုယ့်ဆီဝင်တယ်
ကိုယ်နဲ့ပဌာန်းဆက်ပါတဲ့လူနဲ့ ဖူးစာဆုံတယ်
ကိုယ်နဲ့တွဲလို့ရတဲ့ မိတ်ဆွေစစ်နဲ့ ဆုံခွင့်ရတယ်

ဒါတွေက လုပ်ယူလို့မရ ဖန်တီးလို့လဲမရဘူး
အတင်းလုပ်ယူလဲ လုပ်ယူထားတာကြီးမို့ အံဝင်ခွင်ကျ ဖြစ်နေမှာ မဟုတ်ဘူး ၊ ပြီးရင်လဲ ဝေးသွားကြမှာပဲ၊

ဒါကြောင့် စိတ်ကိုလျော့ပြီး နေလိုက်ရင် တချို့ကိစ္စတွေက သူ့အလိုလို ပြေလည်သွားမှာတွေရှိတယ်…….
အချိန်တခုတော့ ပေးရမှာပေါ့ ….

#crd_to_owner_with_respect

image