1 w - Translate

နာရန်ဒရာမိုဒီ Quad ထိပ်သီးစည်းဝေးပွဲတက်ရန် အမေရိကန်ရောက်ရှိ
----------------------
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ စက်တင်ဘာ ၂၁ ရက်က အမေရိကန်နိုင်ငံကို ရောက်ရှိသွားပြီး ဒီလာဝဲနေအိမ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြိုဆိုခဲ့ပါတယ်။

မိုဒီဟာ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ Quad အုပ်စု ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ အမေရိကန်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

အမေရိကန်မှာ သုံးရက်တာလည်ပတ်မယ့် မိုဒီက ဘိုင်ဒင်ရဲ့မွေးရပ်မြေ ဝီလ်မင်တန်မှာလုပ်မယ့် ထိပ်သီးစည်းဝေးပွဲ တက်ရောက်ပြီးနောက် နယူးယောက်ကို ဆက်သွားပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမယ်လို့ x လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါတို့ဟာ တရုတ် သံတမန်နဲ့ ဆွေးနွေးခဲ့ကြပြီး တောင်တရုတ်ပင်လယ်က လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တူညီတဲ့ စိုးရိမ်ပူပန်မှုတွေကို Quad ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

Quad အုပ်စုက ထိပ်သီးတွေ့ဆုံမှုအဆင့် ဖိုရမ်တစ်ခုအဖြစ် ဘိုင်ဒင်က ၂၀၂၁ ခုနှစ်မှာ မြှင့်တင်ခဲ့ပြီးနောက် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့မှုဟာ ခြောက်ကြိမ်ရှိပြီ ဖြစ်ပါတယ်။

အဲဒီအထဲမှာ လေးကြိမ်က လူကိုယ်တိုင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အခုထိပ်သီးစည်းဝေးပွဲကတော့ သမ္မတဘိုင်ဒင်အတွက် နောက်ဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်ပါတယ်။

image