1 w - Translate

ဘိုလီးဗီးယားတောမီး ဥရောပသမဂ္ဂနိုင်ငံများ ကူညီငြိမ်းသတ်မည်
------------------
ဘိုလီးဗီးယားနိုင်ငံအတွင်း တောမီးအပြင်းထန်ဆုံးလောင်ကျွမ်းခဲ့တဲ့ ဒေသတစ်ခုဖြစ်တဲ့ အလယ်ပိုင်းဒေသ ဆန်တာကရုဇ်ကို နိုင်ငံတကာအကူအညီတွေ စက်တင်ဘာ ၂၁ ရက်က ထပ်မံရောက်ရှိလာခဲ့ပါတယ်။

ဆန်တာကရုဇ် လေဆိပ်ကို ကနေဒါက ရေ လီတာ ၁၁၃၀၀ လီတာသယ်ဆောင်နိုင်တဲ့ မီးသတ်လေယာဉ်တစ်စီးနဲ့ ပြင်သစ်က ရေ လီတာ ၁၀၀၀ သယ်နိုင်တဲ့ ရဟတ်ယာဉ်တစ်စီး ရောက်လာတယ်လို့ ဘိုလီးဗီးယားသမ္မတ လူးဝစ်အာဆေးက X လူမှုမီဒီယာအကောင့်မှာ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို ကူညီငြိမ်းသတ်ဖို့ စပိန်က မီးသတ်သမား ၄၀ နဲ့ ကျွမ်းကျင်သူ ရှစ်ဦးတို့ ရောက်လာတယ်လို့လည်း ပြောပါတယ်။

ဥရောပရဲ့ ပံ့ပိုးကူညီမှုကို EU နဲ့ အဖွဲ့ဝင် သံရုံတွေ ပါဝင်တဲ့ Team Europe က ညှိနှိုင်းဆောင်ရွက်ပေးပြီး အီးယူမြို့ပြကာကွယ်ရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။

ကနေဒါနဲ့ အီးယူတို့ဟာ တောမီးကူငြိမ်းသတ်ဖို့အတွက် ဘိုလီးဗီးယားကို အထောက်အပံ့တွေ ပေးပို့ရာမှာ ဘရာဇီးနဲ့ ဗင်နီဇွဲလားလို တခြားနိုင်ငံတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ဘိုလီးဗီးယားဟာ မိုးခေါင်မှုနဲ့ စိုက်ပျိုးရေးတိုးတက်လုပ်ဆောင်ဖို့ မြေရှင်းလင်းမှုတွေကြောင့် အခြေအနေ ပိုမိုဆိုးရွားလာကာ တောမီးလောင်ကျွမ်းမှု စံချိန်တင်မယ့်နှစ်ဖြစ်ဖွယ်ရှိနေပါတယ်။

image