1 w - Translate

ဝက်စ်ဟမ်း ကွင်းလယ်လူထံမှ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ခံခဲ့ရတဲ့ အန်ဇို ဖာနန်ဒက်ဇ်

အာဂျင်တီးနား သတင်းဌာန OLE ရဲ့ အဆိုအရ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ယမန်နေ့ညက ကစားသွားတဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြိုင်ဖက် ကွင်းလယ်လူ အက်ဒ်ဆင် အဲလ်ဗားရက်ဇ်ထံမှ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

ပွဲချိန်အတွင်း ထိပ်တိုက်တွေ့စဉ် အဲလ်ဗားရက်ဇ် က ‘ ငါ့ မင်းကို စောင့်နေတယ်။ အပြင်မှာ မင်းကို ငါ သတ်ပစ်မယ်၊ မင်း ဘယ်နေရာသွားသွား။ ‘ လို့ ယင်းအာဂျင်တိုင်းသားကို ခြိမ်းခြောက်ခဲ့တာပါ။

အန်ဇို ဖာနန်ဒက်ဇ်ကလည်း ‘ လုပ်ကြည့်လိုက်လေ ‘ ဆိုပြီး ပြန်လည် စိန်ခေါ်သွားခဲ့ပါတယ်။

image