1 w - Translate

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ(၁)ဘီလီယံကျော်ရှိ
-------------------------
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ(၁)ရက်ကနေ ဩဂုတ်လ(၁၆)ရက်အတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော် ရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကနေ သိရပါတယ်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအနေနဲ့ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်နဲ့ ထီးခီးကုန်သွယ်ရေးစခန်း တွေမှာ ပို့ကုန်တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်ရှိခဲ့ပြီး သွင်းကုန် တန်ဖိုးပမာဏ အမေရိကန် ဒေါ်လာသန်း ၁၉၀ ကျော်ရှိခဲ့ကာ စုစုပေါင်းကုန်သွယ်မှု ပမာဏအနေနဲ့ အမေရိကန် ဒေါ်လာ သန်း(၁၁၅၀) ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတွေကို ပို့ကုန်တင်ပို့မှုအနေနဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ရေထွက်ကုန်ပစ္စည်း၊ ရော်ဘာစိမ်း၊ ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့နဲ့ သကြား တို့ကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ သွင်းကုန်တင်သွင်းမှု အနေနဲ့ကတော့ လျှပ်စစ်မော်တော်ယာဉ်တွေ၊ စက်နဲ့စက် ပစ္စည်းတွေ၊ ဆေးနဲ့ဆေးဝါးပစ္စည်းတွေ၊ ဓာတ်မြေဩဇာ တွေ၊ ပိုးသတ်ဆေးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ စက်မှုသုံးကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

image