1 w - Translate

လေဖိအားနည်း ဆဲလ် မြန်မာနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်
+++++++++++++++++
ထိုင်းနိုင်ငံကုန်းတွင်းပိုင်းနဲ့မြန်မာနိုင်ငံ မွန်၊ကရင်၊ကယား ပြည်နယ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့လေဖိအားနည်းဆဲလ်ဟာ မြန်မာနိုင်ငံ ပဲခူး၊ရန်ကုန်၊ဧရာဝတီတိုင်း‌ဒေသကြီး‌တွေကိုဖြတ်ကျော်ဝင်ရောက်နေပါတယ်။

အ‌ဆိုပါလေဖိအားနည်းဆဲလ်ဟာ စက်တင်ဘာ ၂၃ ရက်မှာ
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်အရသိရပါတယ်။

လေဖိအားနည်းဆဲလ်ရဲ့အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းလာ နိုင်တာကြောင့်လည်းကောင်း ဒီနေ့မှ စက်တင်ဘာ၂၅ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နဲ့ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုး

ထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလ‌ ဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

image