1 w - Translate

ဖောက်ပြန်ခြင်းဆိုတာကို
ထမင်းစားရေသောက်လိုမျိုး
အလွယ်တကူကျူးလွန်လာကြတဲ့ခေတ်ပဲ...
အိမ်ထောင်သည်မှ ဖောက်ပြန်တာမဟုတ်
သမီးရည်းစား ချစ်သူဘဝမှာလည်း ဖောက်လွဲဖောက်ပြန်တတ်သူတွေများစွာရှိနေကြတယ်...။

Relationshipတစ်ခုမှာ ချစ်ခြင်းမေတ္တာရှိရမယ်
အပြန်အလှန် လေးစားယုံကြည်ရတဲ့အချက်လေးတွေရှိရမယ်...
လေးနက်တဲ့အပြုအမူ မျှတတဲ့အတွေးအခေါ်တွေနဲ့
စိတ်လုံခြုံနွေးထွေးမှုတွေ ပေးစွမ်းနိုင်ရမယ်...
တစ်ဦးကတစ်ဦးရဲ့ ထောက်တိုင်လေးအဖြစ်
အားအင်လေးတစ်ခုအနေနဲ့ရှိနေပေးနိုင်မယ်ဆို
ဒါကသိပ်ကိုကြည်နူးစရာပါပဲ...။

မတူညီတဲ့လူနှစ်ဦး ဆုံတွေ့ခွင့်ရခြင်းက
ကောင်းသောတွေ့ဆုံခြင်းဖြစ်သလို
မကောင်းသောတွေ့ဆုံခြင်းလည်းဖြစ်နိုင်တယ်လေ..
အကြောင်းမဲ့သက်သက် လာပြီးဆုံတွေ့ရတာမျိုး
မဟုတ်တဲ့အတွက် တွေ့ဆုံခြင်းတွေက အဓိပ္ပါယ်ရှိပါတယ်...။

တပ်မက်မှုဟာ ချစ်ခြင်းမေတ္တာမဟုတ်သလို
ချောမောလှပမှုနဲ့ သာယာမှုဆိုတာလည်း
ချစ်ခြင်းမေတ္တာလို့ သတ်မှတ်လို့မရပါဘူး...
ပြီးတော့ 'Love' နဲ့ 'Sex' ဆိုတာလည်း
တကယ်ကိုတခြားစီပါပဲ...
ချစ်တယ်လို့အမည်ခံပြီး အရသာခံချင်တဲ့သူတွေ
အခွင့်အရေးယူချင်သူတွေ ဒီကမ္ဘာမှာရှိနေတယ်ဆိုတာလေးတော့ သတိတရရှိနေစေချင်တယ်...။

Relationshipတစ်ခုမှာလေ
တစ်ဖက်တည်းက ချစ်နေရုံ သည်းခံနေရုံ
တစ်ဖက်သတ်နာကျင်ခံပြီး ဆွဲထားရတယ်ဆိုတာလည်း တကယ်ဆိုသိပ်ကိုပင်ပန်းရတယ်သိလား...
တချို့က ချစ်တယ်ဆိုပြီး ပစ်ထားတတ်ကြတယ်
သတိရမှပေါ်ပေါ်လာတတ်တယ်...
ဖောက်ပြန်ခြင်းမရှိပေမယ့်လည်း
ကိုယ့်ခံစားချက်တွေကို သူတို့နားလည်ပုံမရဘူး...
သူတို့ကိုသိပ်ချစ်ရလွန်းလို့သာ တွယ်ကပ်နေခဲ့တာကို မမြင်နိုင်ခဲ့ကြဘူး...
ကိုယ်ကချည်းပဲ လေးနက်တဲ့အချစ်မျိုးနဲ့ချစ်နေပြီး
အလေးအနက်အထားမခံရတဲ့အပြုအမူ လျစ်လျူရှုခြင်းတွေပဲပြန်ရတဲ့အခါ အဲ့ဒါကသိပ်ကိုဆိုးရွားစေတဲ့နာကျင်မှုမျိုးပဲလေ...။

နောက်ထပ်ဆိုးရွားတာက ချစ်ခြင်းမေတ္တာအမည်ခံပြီး ဖောက်ပြန်မှုပြုတတ်သူတွေပါပဲ...
ချစ်သူ အိမ်ထောင်ဖက်ရှိလျက်နဲ့
နောက်ထပ်ဖောက်ပြန်သွားတဲ့သူ
ဖောက်ပြန်ခြင်းကို အကြိမ်ကြိမ်ကျူးလွန်တဲ့သူပေါ့.
ဘဝမှာ အခွင့်အရေးထပ်မပေးသင့်သူတွေထဲမှာ
ဒီလိုဖောက်ပြန်တတ်သူတွေလည်း ပါပါတယ်...
ကိုယ့်ကိုသိပ်ချစ်ပေးတဲ့သူ ကိုယ့်ရဲ့အိမ်ထောင်ဖက်ရှိပါလျက်နဲ့ နောက်ထပ်ဖောက်ပြန်တဲ့သူတွေက
ကိုယ်တစ်ယောက်တည်းနဲ့မလုံလောက်နိုင်တဲ့အတွက်ပါပဲ...။

ဒီလို ဖောက်ပြန်မှုတွေ ဖောက်ပြန်တဲ့သူတွေနဲ့ကြုံရတဲ့အခါ ပြတ်သားနိုင်ဖို့သာလိုပါတယ်...
မပြတ်သားနိုင်တဲ့သူက နှစ်ကြိမ်နှစ်ခါပိုခံစားရတယ်ဆိုတဲ့စကား ကြားဖူးမယ်မို့လား...
အလေ့အကျင့်ဆိုတာ ထပ်ခါထပ်ခါပြုလုပ်ရင်းနဲ့မှ
ဖြစ်လာတာမျိုးပါ...
တစ်ကြိမ်တစ်ခါဖောက်ပြန်ဖူးတဲ့သူဟာ ထပ်ခါထပ်ခါဖောက်ပြန်ဖို့လည်းဝန်မလေးတော့တဲ့သူပါပဲ...
သိပ်ချစ်ရတယ်ဆိုပြီး နားလည်ခွင့်လွှတ်ပြီးအမှားပြင်ဆင်ခွင့်ပေးဖို့ မထိုက်တန်ကြသူတွေက
ဖောက်ပြန်ဖူးတဲ့လူတွေပဲ...။

အကျင့်ပျက်သူတွေ များလာတဲ့ခေတ်ကြီးထဲမှာ
ကောင်းမွန်တဲ့သူကို အဆုံးရှုံးမခံလိုက်ပါနဲ့...
ဖောက်ပြန်မှုကို သိသိကြီးနဲ့ မေတ္တာကြီးမားစွာ
အခွင့်အရေးပေးသူလည်းမဖြစ်ပါစေနဲ့...
ချစ်ခြင်းနဲ့မေတ္တာမှာ ကိုယ့်အပေါ်မကောင်းတဲ့သူကို
လွှတ်ချနိုင်တဲ့အခွင့်အရေး မင်းဆီမှာရှိပါတယ်...။

( စာတွေကိုသဘောကျလို့ ကူးယူချင်တယ်ဆိုပါက
မူရင်းစာရေးသူရဲ့နာမည်ကို ဖြုတ်ချမထားခဲ့ဖို့
မေတ္တာရပ်ခံပါတယ်...)

#လုံးလုံးလေး
#ချစ်ခြင်းနဲ့မေတ္တာ
#pinterest

image