1 w - Translate

ယောကျာ်းတစ်ယောက်ရဲ့
အပြောင်းအလဲကိုခံရတဲ့ မိန်းမတယောက်ဟာ...

ပထမအကြိမ် … သူငိုမယ် ပြသနာရှာမယ်
ငါ့ကိုအခုတော့ ဒီလိုဆက်ဆံတယ်ပေါ့ဆိုပြီး

ဒုတိယအကြိမ် … သူမဲ့ပြုံးပြုံးမယ်
ရပါတယ် ရိုးနေပြီဆိုပြီး သူဖြည့်တွေးမယ်

တတိယအကြိမ် … သူနေတတ်သွားမယ်
ဘယ်လိုမှ ခံစားရမှာ မဟုတ်တော့ဘူး

နောက်ဆုံးအဆင့်ကတော့ …
အားလုံးကိုလက်ခံသွားနိုင်မယ်
ထုံပေပေဖြစ်သွားမယ်
ရှိခြင်းမရှိခြင်းတောင် သူမသိချင်တော့လောက်အောင် အချစ်ကိုသူစိတ်နာမယ်။

ဒါပါဘဲ...အဲ့လိုနောက်ဆုံးအဆင့်ထိ
မိန်းမတယောက်ပြောင်းလဲသွားပြီဆိုတဲ့အခါ..
သိပ်ကြောက်ဖို့ကောင်းတယ်။

ဒါပေမယ့် အဲ့လူကို သူ မချစ်တော့တာတော့မဟုတ်ဘူး ချစ်ခြင်း နာကျင်ခြင်း ဒဏ်ရာ အလွမ်း
စိတ်ပင်ပန်းရခြင်းတွေ အားလုံးပေါင်းစပ်သွားပြီးနောက် သူ့ခံစားချက်တွေ … သူကိုယ်တိုင်မသိနိုင်တော့တဲ့အထိပြောင်းလဲခြင်းတွေ သူ့ဆီရောက်လာခဲ့တယ်။

အဲ့ဒီအခါ အဲ့ဒီမိန်းမကို နားလည်နိုင်အောင် ပြင်ဆင်ထားပါ။

လူတယောက်ကိုသိပ်ချစ်မိတဲ့အခါ…
စိုးရိမ်မှုတွေ ပူပန်မှုတွေနဲ့ ဒဏ်ရာတွေ
သူ့အလိုလိုမတောင်းဘဲရလာခဲ့တာ သိပ်ဆိုးလွန်းပါတယ်။

မိန်းမတစ်ယောက်ကို စိတ်နာအောင်လုပ်မိရင်
ကိုယ့်ဘဝထဲကနေ ထွက်သွားဖို့ ဝန်မလေးကြတော့ဘူး။

#motivationandknowledge
#credit

image