2 w - Translate

ငိုတဲ့..အချိန် ချော့မယ့်သူ..မရှိတဲ့အခါ
ကြံ့ကြံ့ ခံတတ်ဖို့ ကျွန်မ သင်ယူခဲ့တယ်။

ကြောက်တဲ့..အချိန် အဖော်လုပ်မယ့်သူ..မရှိတဲ့အခါ
သတ္တိရှိတတ်ဖို့ ကျွန်မ သင်ယူခဲ့တယ်။

စိတ်ရှုပ်တဲ့..အချိန် ဂရုစိုက်မယ့်သူ..မရှိတဲ့အခါ
တောင့်ခံတတ်ဖို့ ကျွန်မ သင်ယူခဲ့တယ်။

ပင်ပန်းတဲ့..အချိန် မှီဖို့ ပုခုံးတစ်စုံ မရှိတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် အားထားတတ်ဖို့ ကျွန်မ သင်ယူခဲ့တယ်။

ဒီလိုနဲ့...
ကျွန်မ ကိုယ် ကျွန်မ ရှာဖွေတွေ့ရှိခဲ့တယ် ။

ဒီလိုနဲ့...
ကျွန်မ တဖြည်းဖြည်း ရင့်ကျက်ခဲ့တယ်။

ကျွန်မကို အလိုမကျစေတဲ့..အရာ
ကြီးကြီးမားမားလည်း မရှိခဲ့တော့ပါဘူး.။

တစ်ခါတလေ
အလို မကျစေတဲ့..အရာလည်း
ကျွန်မ အတွက် ပျော်ရွှင်ခြင်းတစ်မျိုး ဖြစ်ခဲ့ပါတယ် ။

#နိုင်းနိုင်းစနေ

image