1 w - Translate

MLWC – 9 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကျင်းပမည်
----------------------
MLWC – 9(Myanmar Lethwei World Championship)မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို စက်တင် ဘာလ(၂၂)ရက်နေ့မှာ ရန်ကုန်မြို့ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံကြီးမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကိုတော့ (Myanmar Martial Arts Group)က စီစဉ်ကျင်းပ တာဖြစ်ပြီး မြန်မာ့လက်ဝှေ့ကျော်တွေ ပါဝင်ယှဉ်ပြိုင် ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ပါဝင်မယ့် လက်ဝှေ့တွဲဆိုင်း တွေကတော့(၆၅)ကီလိုတန်းမှာ စူပါရေချမ်းနဲ့စိန်လုံးချော(အောင်နိုင်သူ)၊ (၆၄)ကီလို တန်းမှာတော့ စောဘဟိန်း (စက်ရုံ)နဲ့ မြလုံးချော(အောင်နိုင်သူ)၊ (၆၃)ကီလိုတန်းမှာတော့ အောင်ထက်ကျော် (တို့ရိုးရာ)နဲ့ အောင်ကိုလတ် (Rays)၊ (၆၀)ကီလိုတန်းမှာတော့ ဆလိုင်းထန်ခွီးရှိန်နဲ့မောင်ဇော်၊ (၈၀)ကီလိုတန်း မှာတော့ ရာမန်နဲ့အောင်ခိုင်၊ အလွတ်တန်းမှာ ထွန်းထွန်းမင်းနဲ့ ကျော်စွာဝင်းတို့ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားကိုတော့ စက်တင်ဘာလ(၂၁)ရက် မနက်ပိုင်းက သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာရိုးရာလက်ဝှေ့အဖွဲ့ ချုပ်(ဥက္ကဋ္ဌ) ဒေါက်တာတင်အောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေကို Myanmar Martial Arts Group ရဲ့ Managing Director ဦးဝဏ္ဏက ရှင်းလင်းပြောပါတယ်။

အဲဒီနောက် ပြိုင်ပွဲမှာ ပါဝင်မယ့် အားကစားသမားတွေနဲ့မိတ်ဆက်ပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာ (၂၂)ရက် ကျင်းပမယ့် MLWC – 9 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို (SkyNet) Sports HD Channel တွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image