2 w - Translate

ဗဟိုဘဏ်မှ ကန်ဒေါ်လာသန်း ၃၀ ထုတ်ရောင်းပေးမည်
---------------------
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် Fx Trading Platform ကနေ စက်သုံးဆီလုပ်ငန်းရှင် တွေကို အမေရိကန်ဒေါ်လာသန်း ၃၀ ထုတ်ရောင်းပေးသွားမှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၀)ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ အဲဒီ အမေရိဒေါ်လာသန်း ၃၀ ကို ဘယ်ရက်မှာ ရောင်းချပေးသွားမလဲဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကလည်း AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Trading Platform ကနေ ထိုင်းဘတ် ၁၀ သန်း ထုတ်ရောင်း ပေးခဲ့ပါတယ်။ အခုစက်တင်ဘာလအတွင်းမှာလည်း စက်သုံးဆီအတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း၊ စားသုံးဆီအတွက် အမေရိကန် ဒေါ်လာ ၇ သန်း တစ်ကြိမ်နဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲနီးပါးနဲ့ ထိုင်းဘတ် သန်း ၈၀ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ထုတ်ရောင်းပေးခဲ့ပါ တယ်။

ဒါ့အပြင် ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထား ကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန် ကြေညာပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာတွေ ဆက်တိုက်ထုတ် ရောင်းပေးနေတာ ဖြစ်တယ် လို့လည်း သိရပါတယ်။

image