1 w - Translate

ဂေါ်ဒွန်ကို စာချုပ်သစ်ချုပ်ရန် နယူးကာဆယ် စီစဉ်
------------------------
နယူးကာဆယ်အသင်းဟာ အားထားရတဲ့ တောင်ပံကစားသမား ဂေါ်ဒွန်ကို မြင့်မားတဲ့လုပ်ခလစာနဲ့အတူ စာချုပ်သစ်ချုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်းရှိထားပေမယ့် ပြီးခဲ့တဲ့နွေရာသီတုန်းက အာဆင်နယ်အပါအဝင် အသင်းကြီးတချို့ က ဂေါ်ဒွန်ကို စိတ်ဝင်စားခဲ့ကြတာကြောင့် အခုလို စာချုပ်သစ်ချုပ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

အခုရာသီ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၁ ဂိုးသွင်းယူပေးထားခဲ့တဲ့ ဂေါ်ဒွန်ကို နယူးကာဆယ်အသင်းက တစ်ရာသီ လုပ်အားခ ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ဂေါ်ဒွန်အနေနဲ့ စာချုပ်သစ်ကို လက်ခံခဲ့မယ်ဆိုရင် အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံးကစားသမား ဖြစ်လာမှာပါ။ နယူကာဆယ်အသင်းဘက်က ကမ်းလှမ်းမယ့် စာချုပ်သစ်ရဲ့ သက်တမ်းကို အတိအကျ မသိရပေမယ့် သတင်းတွေအရတော့ ကာလရှည် ဖြစ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဂေါ်ဒွန်ဟာ ၂၀၂၃ မှာ နယူးကာဆယ်အသင်းကို အဲဗာတန်အသင်းဆီကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ ၆၈ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေရဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုကိုလည်း ခံခဲ့ရဖူးတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

image