1 w - Translate

မန်ယူနည်းပြအလုပ်ကို လွမ်းဆွတ်နေဆဲဟု နည်းပြဟောင်း ဖာဂူဆန်ပြော

မန်ယူနည်းပြအလုပ်ကို လွမ်းဆွတ်နေဆဲဖြစ်တယ်လို့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် က ပြောသွားပါတယ်။

အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ နည်းပြဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်က မန်ယူနည်းပြရာထူးကနေ အနားယူခဲ့သူပါ။

တခါတရံမှာ မြက်ခင်းစိမ်းတွေကို လွတ်ဆွတ်တမ်းတတမ်းတမိကြောင်း၊ ဥရောပဘောလုံးလောက က ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး အဲဒီလို ပွဲကြီးပွဲကောင်းတွေကို လည်း အမှတ်တရဖြစ်မိကြောင်း နည်းပြဟောင်း ဖာဂူဆန်က ပြောသွားပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်းရဲ့ ပွဲကြီးပွဲကောင်း ပွဲစဉ်တွေမှာ ပွဲကြည့်စင်ပေါ်ကနေ မကြာခဏ တွေ့ရလေ့ ရှိပါတယ်။
DVB

image